OPPO စမတ်ဖုန်းမော်ဒယ်သစ် ၂ မျိုးကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

OPPO ရဲ့ စမတ်ဖုန်း မော်ဒယ်သစ်နှစ်မျိုးဖြစ်တဲ့ A9 (2020) နဲ့ A5 (2020) ကို ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

 

A9(2020) နဲ့ A5(2020) မှာ Waterdrop စကရင်ကို အသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ ဖြစ်ကာ Resolution က 720×1600 HD+ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ မြန်နှုန်းမြင့် Qualcomm Snapdragon 665 Octa-Core အသုံးပြုထားပါတယ်။ A9 မှာ မှတ်ဉာဏ်စနစ်အတွက် RAM 8GB ပါဝင်ပြီး A5 မှာတော့ RAM 4 GB သာပါဝင်ပါတယ်။ ကင်မရာစနစ်မှာတော့ A9 က ကျောဘက်ကင်မရာ ၄ ခု( 48MP, 8MP, 2MP, 2MP ) နဲ့အတူ စကရင်ဘက်အခြမ်းမှာ16MP ကင်မရာ၊ A5 က ကျောဘက်ကင်မရာ ၄ ခု ( 12MP, 8MP, 2MP, 2MP )နဲ့အတူ စကရင်ဘက်အခြမ်းမှာ 8MP ကင်မရာ ပါဝင်ပါတယ်။ စမတ်ဖုန်းမော်ဒယ် နှစ်မျိုးစလုံးမှာ အချက်အလက်သိမ်းဆည်းနိုင်ဖို့ 128GB ပါဝင်ပါတယ်။ 5000mAh ဘက်ထရီ တပ်ဆင်ပေးထားတဲ့အတွက် ဖုန်းကို အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

A9 (2020) ကို စက်တင်ဘာ ၂၀ နဲ့ ၂၇ ရက်မှာ တန်ဖိုး ၃၉၉,၉၀၀ ကျပ်နဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး Space Purple နဲ့ Marine Green အရောင်နှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။ A5 (2020) ကို စက်တင်ဘာ ၂၉ ရက်မှစတင်ကာ တန်ဖိုး ၂၉၉,၉၀၀ ကျပ်နဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီ Dazzling White နဲ့ Mirror Black အရောင်နှစ်မျိုးနဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။

-အောင်သက်ကို