OPPO က ၄င်းတို့၏ကိုယ်စားပြုပုံရိပ်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီအား သံတမန်အဖြစ် ခန့်အပ်

ကင်မရာဖုန်းအမှတ်တံဆိပ်ဖြစ်သည့် OPPO က ၄င်း၏ ထုတ်ကုန်ပစ္စည်းများ၊ ကြော်ငြာများနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ကိုယ်စားပြုရန် ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီအား သံတမန်အဖြစ် ခန့်အပ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။

ထိုကဲ့သို့ခန့်အပ်မှုအရ ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီသည် OPPO နှင့် လက်တွဲ၍ တစ်နှစ်တာအတွင်း OPPO ၏ တစ်နိုင်ငံလုံး အနှံ့ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များနှင့် လူမှုရေးလှုပ်ရှားမှုများတွင် အတူပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်သည်။

“လူအများချစ်ခင်ပြီး သရုပ်ဆောင်အရည်အသွေးပြည့်ဝတဲ့ လူငယ်အနုပညာရှင် မြန်မာအမျိုးသမီးတစ်ယောက်ကို OPPO ရဲ့ Brand Ambassador အဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ OPPO ဟာ ငယ်ရွယ်ပြီး ဖတ်ရှင်ရေစီးကြောင်းကိုအခိုင်အမာပြုလျှောက်လှမ်းထိုးဖောက်နေသလို လူငယ်လူရွယ်ထုတွေပိုမိုသဘောကျနှစ်သက် စေမယ့် ထုတ်ကုန်ကောင်းတွေကိုပါ ဖန်တီးထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ယခုလို Brand Ambassador အဖြစ်ခန့် အပ်လိုက်တဲ့ သရုပ်ဆောင်ရွှေမှုံရတီဟာဆိုရင် လက်ရှိမြန်မာပြည်လူငယ်ပရိသတ်တွေကြားမှာ ငယ်ရွယ်မှုနဲ့ဖတ်ရှင် ရေစီးကြောင်းကို စံပြအဖြစ်အကောင်းဆုံးပုံဖော်ဦးဆောင်နိုင်စွမ်းအပြည့်ရှိသူဖြစ်ပြီး OPPO လျှောက်လှမ်းနေတဲ့လမ်း ကြောင်းနဲ့လည်း တစ်ထပ်တည်းကျသူတစ်ဦးဖြစ်လို့ အပြန်အလှန်လက်တွဲပူးပေါင်းဆောင်ရွက်ကာ မြန်မာပြည်မိုဘိုင်း ဖုန်းဈေးကွက်အတွက် ထူးခြားစိတ်လှုပ်ရှားစရာတွေကို ဖန်တီးတင်ဆက်ပေးသွားမှာပါ”

ဟု OPPO Myanmar ၏ CEO ဖြစ်သူ Mr. David က ဂုဏ်ယူစွာဖြင့် ပြောဆိုသွားသည်။

“OPPO ဟာ ကျွန်မသံတမန်အနေနဲ့ ကိုယ်စားပြုမယ့် ပထမဆုံးသော အမှတ်တံဆိပ်ဖြစ်ပါတယ်။ OPPO လို နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုက ကမ်းလှမ်းလာတဲ့အတွက် ဂုဏ်ယူစွာနဲ့ လက်ခံခဲ့တာပါ။ OPPO နဲ့အတူတူ မတူခြားနားတဲ့ ဖန်တီး မှုအသစ်တွေကို ယူဆောင်လာပေးဖို့ ကတိပြုပါတယ်”

ဟု သရုပ်ဆောင် ရွှေမှုံရတီက ပြောသည်။

သရုပ်ဆောင်ရွှေမှုံရတီသည် အသက် ၁၃နှစ်အရွယ်မှစ၍ အနုပညာနယ်ပယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လက်ရှိ အချိန်တွင် ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာများစွာကို လက်ခံရိုက်ကူးနေသော အောင်မြင်ကျော်ကြားနေသည့် အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် သူမ၏ ပွင့်လင်းမြင်သာစွာစကားပြောဆိုတတ်သည့်ဟန်ပန်ကြောင့်လည်း မီဒီယာ များအကြားတွင် ပိုမိုထင်ရှားရေပန်းစားလျက်ရှိသည်။