OPPO က တန်ဖိုးသင့်တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ A71 ကိုမိတ်ဆက်

စွမ်းဆောင်ရည်မြင့် Octa-core CPU၊ 3GB RAM နှင့် 3000mAh battery တို့ပါဝင်သည့် A71 စမတ်ဖုန်း သစ်ကို မြန်မာပြည်ဈေးကွက် အတွက် လာမည့်စက်တင်ဘာလ ၁ဝ ရက်မှစတင်ကာ တစ်နိုင်ငံလုံးသို့ မိတ်ဆက်ရောင်းချ ပေးသွားမည်ဖြစ်သည်။ OPPO A71 မှာ Octa-core processor၊ ပိုမိုချောမွေ့ပြေပြစ်သည့် ထိတွေသုံး စွဲမှုစနစ်တို့ ပံ့ပိုးပေးထားသည့် စက်အတွင်းပိုင်းဆိုင်ရာ လုပ်ဆောင်မှုများတွင် တီထွင်ဆန်းသစ်မှုများ ရယူထားသလို ရှေ့ကင်မရာပိုင်းအတွက် Beautify 4.0 ပါဝင်သည့် OPPO ၏ ပင်မဓာတ်ပုံဆိုင်ရာ နည်းပညာနှင့် ဘဝ၏ပျော်ရွှင်ဖွယ်ရာ အမှတ်တရများကို ရိုက်ယူထားနိုင်စေမည့် အဆင့်မြှင့်တင်ထားသော နောက် ကင်မရာတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားသည်။ ထို့အပြင် OPPO A71 ၏ ပါးလွှာသေးသွယ်သည့် သတ္တုစပ် uni-body ကိုယ်ထည်မှာ အမြင်အာရုံတွင် ပေါ်လွင်ထင်ရှားမှု ရှိစေမည်ဖြစ်သည်။ OPPO A71 ၏ဈေးနှုန်းမှာ ၂၄၉,ဝဝဝ ကျပ်ဖြစ်ပြီး ရွှေရောင်နှင့် အနက်ရောင်၂ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Octa-core CPU နှင့် ပိုမိုကြာရှည်ခံစေသေ 3000 mAh battery ပါဝင်သည့် entry-level စမတ်ဖုန်း OPPO A71 တွင် Octa-core processor နှင့် 3GB RAM တို့ ထည့်သွင်းအသုံးပြု ပေးထားသည့်အတွက် ဖုန်းတစ်လုံး၏ အလုံးစုံအလုပ်လုပ်ဆောင်မှု အပိုင်းကို ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားသည့် 64-bit Octa-core CPU မှာ app တစ်ခုနှင့်တစ်ခုအကြား ပြောင်းလဲ အသုံးပြုခြင်းနှင့် multitasking စနစ်တို့ကို ပိုမိုချော မွေ့မြန်ဆန်စွာ အသုံးပြုနိုင်စေရန် ထောက်ပံ့ပေးထားသည်။

ထို့အပြင် Octa-core CPU မှာ ဖုန်း၏သုံးစွဲမှု အခြေအနေအမျိုးမျိုးကို အမြဲတမ်းစောင့်ကြည့် လေ့လာကာ သုံးစွဲမှုနှင့် ကိုက်ညီသည့် CPU အလုပ်လုပ်နှုန်းကို ရွေးချယ်ပေးမည်ဖြစ်သည့်အတွက် ဓာတ်ပုံရိုက်ယူခြင်း၊ video ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်းတို့အတွက် ပိုမိုမြန်ဆန်ပြီး ပိုမိုအဆင်ပြေစေမည့် ထိတွေ့သုံးစွဲမှုမျိုးကို ပေးစွမ်းစေမည်ဖြစ်သည်။

ထို့အပြင် triple-slot card tray အမျိုးအစားမှာ 4G စနစ်သုံး SIM ကဒ် ၂ ကဒ်ကို တစ်ပြိုင်တည်းထည့်သွင်း အသုံးပြုနိုင်စေသည့်အပြင် ဖုန်းအတွင်း တစ်ပါတည်း ပါဝင်သည့် built-in storage 16GB ကိုလည်း 256GB အထိ ထပ်တိုးအသုံးပြု နိုင်စေမည်ဖြစ်သည်။ OPPO A71 တွင် 3000mAh battery အမျိုးအစားကို အသုံးပြုပေးထားပြီး မြန်နှုန်းမြင့်အားသွင်းစနစ်နှင့် တည်ငြိမ်မှု စနစ်တို့ကို ထောက်ပံ့ပေးထားသည့်အတွက် ဖုန်းသုံးစွဲမှုကို တစ်နေ့တာအထိ ကြာရှည်ခံစေမည် ဖြစ်သည်။

ခေတ်ရေစီးကြောင်းနှင့် လိုက်ဖက်သည့် ပါးလွှာသေးသွယ်သော Uni-body ဒီဇိုင်း

OPPO A71 တွင် HD အရည်အသွေးရှိ  ၅.၂ လက်မ မျက်နှာပြင်ကို အသုံးပြုထားပြီး ဂိမ်းကစားခြင်း၊ video ကြည့်ရှုခြင်း များ ပြုလုပ်ရာတွင် မြင်ကွင်းကျယ်ကျယ်ဖြင့် အသုံးပြုနိုင်စေမည်ဖြစ်သည်။ ပါးလွှာသော သတ္တုစပ် uni-body ကိုယ်ထည် ဒီဇိုင်းမှာလည်း လက်ထဲတွင် ကိုင်ဆောင်အသုံးပြုရာတွင် သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည့်အပြင် လင်းပိုင်းများ၏
နာက်ကျောဘက်ကို အခြေခံရယူ ဖန်တီးထားသည့် ဖုန်း၏ဘေးဘောင်လိုင်းမှာ ကိုင်ဆောင်သုံးစွဲသူ၏ လက်ထဲတွင် အလိုက်သင့် အံ့ဝင်ခွင်ကျ ရှိစေဦးမည်ဖြစ်သည်။

ပိုမိုအဆင့်မြှင့်တင်ပေးထားသည့် ရှေ့နောက်ကင်မရာများ

OPPO A71 တွင် အသုံးပြုပေးထားသည့် 5MP အရည်အသွေးရှိ ရှေ့ကင်မရာမှာ OPPO ၏ကိုယ်ပိုင် ဓာတ်ပုံဆိုင်ရာ တွက်ချက်မှုစနစ် ပါရှိသည့်အတွက် ပိုမိုအနုစိပ်ကျပြီး သဘာဝဆန်စေမည့် selfie ဓာတ်ပုံများကို ပေးစွမ်းနိုင်စေမည်ဖြစ်သည်။ ထို့အပြင် ယခုရှေ့ကင်မရာမှာ အလင်းရောင်နည်းသည့် အခြေအနေတွင်မှာပါ ကောင်းစွာလုပ်ဆောင် ပေးနိုင်မည်ဖြစ်သည်။
အသင့်ပါဝင်သည့် filters အမျိုးမျိုးကို အသုံးပြုပြီး ဆန်းသစ်သည့် ဓာတ်ပုံဖန်တီးမှုများကိုပါ လုပ်ဆောင်င်စေမည်ဖြစ်သည်။

13MP အရည်အသွေးရှိ နောက်ကင်မရာမှာ Multi-Frame Denoising နည်းပညာကို အသုံးပြုထားပြီး အလင်းရောင်အားနည်းသည့် အခြေအနေတွင် ပိုမိုကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကို ဖန်တီးရယူနိုင်စေကာ ပိုမိုအနုစိပ်ကျပြီး ပိုမိုသဘာဝဆန်သည့် အရောင်အရည်အသွေးကိုပါ ရရှိစေမည်ဖြစ်သည်။

 

ထို့အပြင် Bokeh Effect ကို အသုံးပြုပြီး မည်သည့်နောက်ခံမြင်ကွင်းကိုမဆို ဝေဝါးအောင်ပြုလုပ်ကာ လူတစ်ယောက်၏ သွင်ပြင်လက္ခဏာရပ်များနှင့် ပေါ်လွင်ထင်ရှားမှုကို အလေးပေးဖန်တီး ရယူနိုင်စေသည်။ ဓာတ်ပုံများ၏အလုံးစုံ အရည်အသွေးမှာ သာမန်မျက်စိဖြင့် ကြည့်ရှုရာတွင် တွေ့မြင်ရသည့်အသွင်မျိုးအဖြစ် ပေါ်လာစေမည်ဖြစ်သည်။ ပုံရိပ်ဖြတ်ယူပေးမည့် focusing မြန်နှုန်းကိုလည်း ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ပေးထားသည့်အတွက် ပိုမိုမြန်ဆန်ပြီး
ပိုမိုသက်သောင့် သက်သာဖြစ်စေမည့် အသုံးပြုမှုမျိုးကို ရရှိစေဦးမည်ဖြစ်သည်။

ရှေ့ကင်မရာနှင့် နောက်ကင်မရာတို့၏ အရည်အသွေးကို အဆင့်မြှင့်တင်ပြီး အကောင်းဆုံးချိန်ညှိ ပေးထားခြင်းကြောင့် OPPO A71 စမတ်ဖုန်းတွင် ဓာတ်ပုံဆိုင်ရာ ထိတွေ့သုံးစွဲမှုကို ပိုမိုကောင်းမွန်စေကာ ရိုက်ယူလိုက်သည့် ဓာတ်ပုံတိုင်းတွင်
စိတ်ခံစားချက်ကိုပါ ဖြည့်စွက်ထည့်သွင်းစေနိုင်မည့် effect များကို အသုံးပြုနိုင်မည်ဖြစ်သည်။

Android 7.1 ပေါ်တွင်အခြေခံထားသည့် Color OS 3.1 စနစ်က လုံခြုံပြီး သက်သောင့်သက်သာ ရှိစေမည့် ထိတွေ့သုံးစွဲမှုကို ပေးစွမ်းနိုင် OPPO A71 တွင် Version သစ် Color OS 3.1 ကို အသုံးပြုပေးထားပြီး ဖုန်းထိတွေ့ သုံးစွဲမှုစနစ်ကို
အသစ်တစ်ဖန် အဆင့်မြှင့်တင်ပေးထားသည့်အတွက် ပိုမိုမြန်ဆန်ကာ ပိုမိုလုံခြုံမှုရှိစေမည်ဖြစ်သည်။ ငွေပေးချေမှုဆိုင်ရာ အခြေအနေများတွင် Color OS 3.1 က လုံခြုံမှု အပြည့်အဝရှိစေမည့် လက်ကွက် keyboard စနစ်ကို အသုံးပြုကာ လုံခြုံသည့်ငွေပေးချေမှုမျိုး ရရှိစေရန် ပတ်ဝန်းကျင်းအခြေအနေကို scan ဖတ်လုပ်ဆောင်ပေးမည်ဖြစ်သည်။ ထို့အပြင် မျက်နှာပြင်ကို၂ ခုခွဲ၍အသုံးပြုနိုင်စေမည့် split-screen စနစ်၊ မျက်စိကို ကာကွယ်ပေးမည့် eye protection display စနစ်အစရှိသည့် လုပ်ဆောင်ချက်များကိုလည်း OPPO A71 တွင် ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် မျက်နှာပြင် ၂ ခုခွဲသုံးနိုင်သည့် split-screen စနစ်တွင် TV စီးရီးတစ်ခုခုကို အွန်လိုင်းကကြည့်ရှုနေစဉ် အချိန်မှာပင် WhatsApp ကို အသုံးပြုကာ ဇာတ်လမ်းအကြောင်းကို
သူငယ်ချင်းထံ ပြန်လည်ဝေမျှ ပြောဆိုနိုင်စေမည် ဖြစ်သည်။

-စည်သူ