Opera 49 ကို Ubuntu OS မှာ ထည့်သွင်းခြင်း

Opera 49 ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဖြန့်ချိပေး လိုက်ပြီဖြစ်ပါတယ်။ Opera 49 မှာ VR player ပါဝင်လာ မှာဖြစ်ပြီး snapshot tool ကိုလည်းထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ 360 video တွေကို ကြည့်ရှုနိုင်အောင် အထောက်အပံ့ ပေးထားပြီး selfie mode ကလည်း snapshot tool မှာ ထည့်သွင်းပေးထား ပါတယ်။

Opera 49 ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင် ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Opera 49 ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –

sudosh -c ‘echo “deb http://deb.opera.com/opera-stable/ stable non-free” >> /etc/apt/sources.list.d/opera.list’

wget -O – http://deb.opera.com/archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install opera-stable

ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပေးပြီးရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Ubuntu OS 17.10 မှာ Opera 49 ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

-သီဟ