Ooreoo ၏ Download အျမန္ႏႈန္း ၃၈.၂၃ Mbps ရွိဟုေျပာၾကား

ေဒတာျမန္ႏႈန္းစမ္းသပ္တဲ့ Ookla ရဲ႕စမ္းသပ္ခ်က္အရ Ooredoo ရဲ႕ Download အျမန္ႏႈန္းဟာ ၃၈.၂၃ Mbps ရွိေၾကာင္း သိရပါတယ္။

အဲဒီစမ္းသပ္ခ်က္ကို Ookla က ၿမိဳ႕နယ္ေပါင္း ၂၈၂ ၿမိဳ႕နယ္မွာ သံုးစြဲသူေတြရဲ႕ စမ္းသပ္ခ်က္ ေတြရဲ႕ေတြ႕ရွိခ်က္ေတြအေပၚမွာ စိစစ္ေလ့လာမႈေတြျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။ 4G အသံုးျပဳႏိုင္ တဲ့ ဆက္သြယ္ေရးဆိုင္ရာ ကိရိယာေတြနဲ႔စမ္းသပ္ျခင္းျဖစ္ၿပီးေတာ့ Download အျမန္ႏႈန္း 38.23 Mbps နဲ႔ Upload အျမန္ႏႈန္း 20.65 Mbps ရွိေၾကာင္းသိရပါတယ္။၂၀၁၈ ခုႏွစ္ ဇန္နဝါရီကေန ဇြန္လ အတြင္း Speedtest အသံုးျပဳသူေတြကႏိုင္ငံအႏွံ႔ 4G အသံုးျပဳႏိုင္တဲ့ ဆက္သြယ္ေရးဆုိင္ရာ ကိရိယာ နဲ႔ စမ္းသပ္မႈေပါင္း တစ္သိန္းေက်ာ္ျပဳလုပ္ခဲ့ တာျဖစ္ေၾကာင္းသိရပါတယ္။

၂ဝ၁၈ ခုႏွစ္ ဇြန္လကုန္အထိ ၿမိဳ႕နယ္ေပါင္း ၂၄၄ ၿမိဳ႕နယ္မွာ 4G Plus ကြန္ရက္ လႊမ္းျခံဳထားေၾကာင္းဆိုပါတယ္။ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလအထိ ၿမိဳ႔နယ္ေပါင္း ၃၀၀ မွာ Ooredoo ရဲ႕ 4G Plus ကြန္ရက္ကို တိုးခ်ဲ႕ဖို႔စီစဥ္ ေနတယ္လို႔သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ဒေတာမြန်နှုန်းစမ်းသပ်တဲ့ Ookla ရဲ့စမ်းသပ်ချက်အရ Ooredoo ရဲ့ Download အမြန်နှုန်းဟာ ၃၈.၂၃ Mbps ရှိကြောင်း သိရပါတယ်။

အဲဒီစမ်းသပ်ချက်ကို Ookla က မြို့နယ်ပေါင်း ၂၈၂ မြို့နယ်မှာ သုံးစွဲသူတွေရဲ့ စမ်းသပ်ချက် တွေရဲ့တွေ့ရှိချက်တွေအပေါ်မှာ စိစစ်လေ့လာမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 4G အသုံးပြုနိုင် တဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေနဲ့စမ်းသပ်ခြင်းဖြစ်ပြီးတော့ Download အမြန်နှုန်း 38.23 Mbps နဲ့ Upload အမြန်နှုန်း 20.65 Mbps ရှိကြောင်းသိရပါတယ်။၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ ဇွန်လ အတွင်း Speedtest အသုံးပြုသူတွေကနိုင်ငံအနှံ့ 4G အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိရိယာ နဲ့ စမ်းသပ်မှုပေါင်း တစ်သိန်းကျော်ပြုလုပ်ခဲ့ တာဖြစ်ကြောင်းသိရပါတယ်။

၂ဝ၁၈ ခုနှစ် ဇွန်လကုန်အထိ မြို့နယ်ပေါင်း ၂၄၄ မြို့နယ်မှာ 4G Plus ကွန်ရက် လွှမ်းခြုံထားကြောင်းဆိုပါတယ်။ ၂၀၁၈ခုနှစ် အောက်တိုဘာလအထိ မြို့နယ်ပေါင်း ၃၀၀ မှာ Ooredoo ရဲ့ 4G Plus ကွန်ရက်ကို တိုးချဲ့ဖို့စီစဉ် နေတယ်လို့သိရပါတယ်။

-အောင်သက်ကို