Ooredoo 4G Plus ကွန်ရက် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ် ၄ ခုတွင် လွှမ်းခြုံထားပြီးဖြစ်

Ooredoo က 4G Plus ဝန်ဆောင်မှုကို ပေးအပ်နိုင်ဖို့ နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းကွန်ရက်များကို ချဲ့ထွင်ခဲ့တာကြောင့် ယခုအခါ Ooredoo ရဲ့ 4G ကွန်ရက်ဟာ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးနှင့် မူဆယ်၊ ရှမ်းပြည်တောင်ပိုင်းရှိညောင်ရွှေနှင့် တောင်ကြီးတို့မှာ ဖြန့်ကြက် လွှမ်းခြုံပြီး ဝန်ဆောင်မှု ပေးအပ်နေပြီဖြစ်တယ်လို့ Ooredoo Myanmar က သတင်းထုတ်ပြန်လိုက်ပါတယ်။ Ooredoo Myanmar အနေဖြင့် အဓိကမြို့ကြီးများဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ မြို့နယ်အချို့မှာ4G ကွန်ရက်ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် မေလမှာစတင်ပြီး ဝန်ဆောင်မှုပေးခဲ့တာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း