Ooredoo ၏ M-ပိုက်ဆံ စတင်မိတ်ဆက်မည်

Ooredoo ကဆောင်ရွက်နေတဲ့ M-ပိုက်ဆံ စနစ်ကိုစတင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် လာမယ့်စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပမယ့် Myanmar Connect 2017 အခမ်းအနားမှာ စတင်မိတ်ဆက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆင့်မီ ငွေကြေးဝန်ဆောင်မှု စနစ်ဖြစ်တဲ့ M-ပိုက်ဆံအကြောင်း သတင်းစာရှင်းလင်းပွဲကို အဲဒီအခမ်းအနားမှာ ပြုလုပ်မယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာမိုဘိုင်းငွေ ကြေးလုပ်ငန်းလုပ်ကိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားတဲ့ ကုမ္ပဏီသုံးခုရှိတယ် လို့သိရပါတယ်။ Digital Money Myanmar Ltd (Wave Money) ကို ၂၈.၉.၂၀၁၆. ရက်မှာ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ပေးအပ်ခဲ့ပြီး Ooredoo Myanmar Fintech Limited (M-Pitesan) ကို ၂၆-၇-၂၀၁၇ ရက်မှာ အသီးသီး ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့ အင်တာနက်ဝေါလတ်(ထ်) မြန်မာလီမီတက် (Brand Name- OK$) ကို တတိယမြောက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးတဲ့ အဖွဲ့အစည်းအဖြစ် ထုတ်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။

-ထွန်းထွန်း