Ooredoo အင်တာနက်သုံးစွဲခြင်းအဆင်မပြေမှု အသုံးပြုသူ အားလုံးတွင်ဖြစ်မည်မဟုတ် ဟုဆို

Ooredoo အင်တာနက်လိုင်းအသုံးပြုရာမှာ အဆင်မပြေမှုတွေကြုံနေရတာက အသုံးပြုတဲ့သူတိုင်းမှာ ဖြစ်နေမှာ မဟုတ်ဘူးလို့ Ooredoo Myanmar မှ ပြောကြားပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာ အင်တာနက်ဆက်ကြောင်း နည်းပညာအခက်အခဲများဖြစ်ပေါ်နေပြီး အချို့သော Ooredoo အင်တာနက်သုံးစွဲသူတွေအနေနဲ့ အဆင်မပြေမှုတွေ ခေတ္တခဏကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြန်လည်ကောင်းမွန်လာတာနဲ့ ကြေညာပေးသွားမယ်လို့ ပြောကြားထားပါတယ်။