Ooredoo ရဲ့ CSR

Ooredoo Myanmar က CSR အစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဝန်ကြီးဌာန ၄ ခု၊ တက္ကသိုလ်ပေါင်း ၈ ခုနဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အပါအဝင် စာကြည့်တိုက်ပေါင်း ၂၀ သို့ လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူထုကျန်းမာရေးဌာန၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် Beyond Access စာကြည့်တိုက်များသို့ စုစုပေါင်းတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁၄၀၀ ရှိတဲ့ ပရိဘောဂများ၊ ရုံးသုံးနှင့်မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။