Ooredoo မှ ဖေ့စ်ဘုတ်ပရိတ်သတ် ငါးသန်းပြည့် အစီအစဉ်ပြုလုပ်မည်

Ooredoo မှ ဖေ့စ်ဘုတ် ပရိတ်သတ် ငါးသန်းပြည့် အစီအစဉ်ပြုလုပ်မယ်လို့ သိရပါတယ်။ Ooredoo ရဲ့ Facebook စာမျက်နှာမှာ Gif ဖိုင်တစ်ခုကို ပို့စ်အဖြစ် တင်ထားမှာဖြစ်ပြီး ရွှေ့နေတဲ့ ဂဏန်းများထဲမှာ ၅,၀၀၀,၀၀၀ ဆိုတဲ့ ဂဏန်းကို အမိဖမ်းပြီး screenshot ရိုက်ရမှာဖြစ်ပါတယ်။ အဲဒီနောက် screenshot

ရိုက်ထားတဲ့ ပုံကို #Ooredoo5M လို့ ရေးသားပြီး message box မှတစ်ဆင့် ဖုန်းနံပါတ်နဲ့ အတူ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၅နာရီမတိုင်ခင် ပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူများအနေနဲ့ Facebook အကောင့်တစ်ခုကို တစ်ကြိမ်သာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ် လို့ သိရပါတယ်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများထဲမှ ကံထူးရှင်အယောက် ၅၀၀ကို ရွေးချယ်ပြီး ငွေ့ဖြည့်လက်ဆောင် ကျပ် ၁၀,၀၀၀ ကို သူတို့ရဲ့ဖုန်းလက်ကျန်ငွေထဲသို့ တိုက်ရိုက် လွှဲပြောင်းပေးမယ်လို့ဆိုပါတယ်။