Ooredoo မှ အရောင်းဆိုင်သစ်များ ထပ်မံတိုးချဲ့

Ooredoo Myanmar မှ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ကိုယ်ပိုင်အမှတ်တံဆိပ် အရောင်းဆိုင်များနဲ့ ကျေးလက်ဒေသ အရောင်းဆိုင်တွေကို တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုယ်ပိုင်အမှတ်တံဆိပ် အရောင်းဆိုင် ၁ ဆိုင်နဲ့ ကျေးလက်ဒေသအရောင်းဆိုင် ၄ ဆိုင် ကို ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင် ၆ ဆိုင်နဲ့ ကျေးလက်ဒေသအရောင်းဆိုင် ၆ ဆိုင်ကို ဖွင့်လှစ် ထားရှိပါတယ်။

အဆိုပါ အမှတ်တံဆိပ်ရှိတဲ့ ဆိုင်တွေမှာ ဆင်းမ်ကတ်ရောင်းချပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ ကတ်ပျက်ကတ်ပျောက်ခြင်းအတွက် ပြန်လည်အစားထိုး လဲလှယ်ပေးခြင်း၊ ဖုန်းငွေဖြည့်ကတ်များရောင်းချခြင်း၊ ဖုန်းငွေဖြည့်ကတ် ပျက်စီးသွားပါက ပြန်လည်လဲလှယ်ပေးခြင်း၊ မိုဘိုင်းဖုန်း ဟန်းဆက်များနဲ့ အပိုပစ္စည်းများရောင်းချခြင်း၊ Fun Tone ဝန်ဆောင်မှုထည့်သွင်းပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ရယူနိုင်ကြောင်း သိရပါတယ်။

-အောင်သက်ကို