Ooredoo မှ မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ လူမှုအကျိုးပြု အစီအစဉ်ကိုပြုလုပ်

Ooredoo Myanmar က မိနစ်များများပြောလေ အူရီဒူးကများများ လှူပေးလေ လူမှုအကျိုးပြု အစီအစဉ်ကို မြန်မာနို်င်ငံအတွင်း နောက်ထပ်နေရာ ၃ ခုမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

Ooredoo Myanmar က မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုများ ဖော်ဆောင်ပေးနိုင်ဖို့အတွက် Ooredoo ရဲ့ ဝန်ဆောင်မှုကို အသုံးပြုတဲ့ ဒေသခံပြည်သူတွေ ကို ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ခွင့် ပေးလိုက်ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ooredoo သုံးစွဲသူတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်မိုဘိုင်းဖုန်းကိုမဆို ခေါ်ဆိုတဲ့မိနစ်တိုင်းအတွက် အူရီဒူးက ၄င်းရဲ့ဝင်ငွေထဲမှ ၁ ကျပ်ကို တိုက်ရိုက် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်ရဲ့ ကြာမြင့်ချိန်မှာ ၃ လကြာဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်မှ စတင်ဆောင်ရွက်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း