Ooredoo မှ ဖုန်းပြောချိန် တစ်မိနစ်လျှင် တစ်ကျပ်လှူဒါန်းပေးသည့် အစီအစဉ်ရန်ကုန်တွင် ပြုလုပ်

Ooredoo ဖုန်းနဲ့ တစ်မိနစ်ပြောရင် တစ်ကျပ်လှူဒါန်းပေးတဲ့ အစီအစဉ်ကို ရန်ကုန်မြို့မှာ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရန်ကုန်မှာလည်း ပြုလုပ်လိုက်တာလို့ သိရပါတယ်။ “မိနစ်များများပြောလေ များများလှူပေးလေ” ဆိုတဲ့ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ် အဖြစ်ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ Ooredoo Myanmar ကပြောပါတယ်။ မိမိဖုန်းကနေ အခြားဖုန်းနံပါတ်ကို ခေါ်ဆိုခြင်းအတွက် တစ်မိနစ်ပြည့်တိုင်းမှာ Ooredoo က သုံးစွဲသူအတွက် တစ်ကျပ်စီလှူဒါန်းပေးတာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကနေရခဲ့တဲ့ ပမာဏတိုင်းကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအစရှိတဲ့ နေရာတွေမှာ သွားရောက် လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။ ရန်ကုန်မှာပြုလုပ်တဲ့ အဲဒီအစီအစဉ်က လာမယ့်ဇန်နဝါရီ ၄ ရက်နေ့မှာ စတင်အကျုံးဝင်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း