Ooredoo ဆင်းမ်ကတ်များကို နည်းလမ်းငါးမျိုးဖြင့် မှတ်ပုံတင်နိုင်မည်

Ooredoo အသုံးပြုသူတွေ အတွက် မိမိတို့ရဲ့ ဆင်းမ်ကတ်တွေကို နည်းလမ်းငါးမျိုးနဲ့မှတ်ပုံတင်နိုင်မှာဖြစ်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားကာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

“ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ ညွှန်ကြားချက်တွေအရ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ရတော့မှာပါ။ အဲ့လိုမျိုး ညွှန်ကြားချက်တွေအရ Ooredoo သုံးစွဲသူတွေအတွက် ဆင်းမ်ကတ်ကို အလွယ်တကူ မှတ်ပုံတင်နိုင်အောင် လမ်းညွှန်ချက်လေး ပေးချင်ပါတယ်” လို့ Ooredoo မှ တာဝန်ရှိသူ Senior Manager Customer Experience မဆုဝေရည်သန်းမှ ပြောကြားခဲ့ပါတယ်။

နည်းလမ်း ၁

ပထမဦးဆုံး အော်ရီဒူးရဲ့ အင်တာနက်လိုင်းကို ဖွင့်ကာ *666# သို့ခေါ်ဆိုကာကျလာတဲ့ Link ကို ၀င်ရောက်ပြီး အဆင့်ဆင့် ပြထားတဲ့အတိုင်း လုပ်ဆောင်ခြင်းဖြင့် မှတ်ပုံတင်နိုင်ပါတယ်။ *666# ကိုခေါ်ဆို မှတ်ပုံတင်ခြင်းအတွက် Wifi အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့သူတွေ အတွက် မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။
နည်းလမ်း ၂

My Ooredoo App သို့ဝင်ရောက်ကာ Menu Bar ကနေတစ်ဆင့် ဆင်းကတ်မှတ်ပုံခြင်းကို နှိပ်ကာ အဆင့်ဆင့် ပြုလုပ်မှတ်ပုံတင်နိုင်ပါတယ်။

နည်းလမ်း ၃

www.ooredoo.com.mm သို့ဝင်ရောက်၍လည်း မှတ်ပုံတင်ခြင်းဆိုင်ရာအချက်လက်တွေကို ဖတ်ရှုကာ မှတ်ပုံတင်နိုင်ပါတယ်။
နည်းလမ်း ၎

Keypad ဖုန်းကိုင်ဆောင်သူများအတွက် မိမိတို့ ရဲ့ ဆင်းကတ်ကို ၆၆၆ သို့  SMS စာတိုပေးပို့ကာ ၎င်းမှပြထားတဲ့ပုံများအတိုင်း အဆင့်ဆင့်ပြုလုပ် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

နည်းလမ်း ၅

reg@ooredoo.com.mm သို့ အီးမေးလိပ်စာပေးပို့ ကာ ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၆၆၆ သို့ SMS စာတိုပေးပို့ခြင်းနှင့် reg@ooredoo.com.mm သို့ အီးမေးလိပ်စာပေးပို့ ကာ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အနည်းဆုံး ၅ ရက်ကြာမြင့်နိုင်မှာဖြစ်ပါတယ်။ အမြို့မြို့အနယ်နယ်ရှိ Ooredoo အရောင်းဆိုင်များတွင်လည်း ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။