Ooredoo က 10 MHz လှိုင်းနှုန်းစဉ်ရရှိရန် ဒေါ်လာသန်း ၈၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်

Ooredoo က 10 MHz လှိုင်းနှုန်းစဉ်ရရှိဖို့ အတွက် ဒေါ်လာသန်း ၈၀ ထပ်မံ ရင်းနှီးမြုပ်နှံမှာ ဖြစ်တယ်လို့ Ooredoo Myanmar ရဲ့ စီအီးအို Mr.Vikram Sinha ကပြောပါတယ်။

10 MHz လှိုင်းနှုန်းစဉ်နဲ့ ၁၈၀၀ MHz ကြိမ်နှုန်းလှိုင်းကို ထပ်မံရရှိစေဖို့အတွက် ထပ်မံရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ်။ အဲဒီရင်းနှီးမြုပ်နှံ ငွေတွေနဲ့ 4G ကွန်ရက်ထက် ပိုကောင်းတဲ့ ကွန်ရက်တွေ လွှမ်းခြုံနိုင် ဖို့ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ 4G ကွန်ရက်ကို မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၂၀၀ ကျော်ကို ဖြန့်ကျက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ “၂၀၁၈ ခုနှစ်အတွက် ကွန်ရက်တိုးချဲ့ခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” လို့သူကပြောပါတယ်။

Ooredoo ရဲ့ 4G ကွန်ရက် ဖြန့်ကျက်ထားတဲ့ မြို့တွေအနေနဲ့ ရန်ကုန်မှာ ၄၁ မြို့နယ်၊ နေပြည်တော် ကောင်စီမှာ ၈ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှာ၂၆ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၁၅ မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှာ ၁၃ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၉ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ် ၂၀၊ တနင်္သာရီတိုင်း ဒေသကြီးမှာ ၅ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၇ မြို့နယ်၊ ကယားပြည်နယ်မှာ ၁ မြို့၊ ကရင်ပြည်နယ်မှာ ၄ မြို့နယ်၊ ချင်းပြည်နယ်မှာ ၂ မြို့နယ်၊ မွန်ပြည်နယ်မှာ ၉ မြို့ နယ်၊ ရခိုင်ပြည်နယ်မှာ ၇ မြို့နယ်နဲ့ ရှမ်းပြည်နယ်မှာ ၂၃ မြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း