Ooredoo က နံပါတ်အလှလေလံပွဲ ယနေ့ပြုလုပ်မည်

ပလက်တီနမ် Plus နံပါတ်အလှလေလံပွဲကို Ooredoo Myanmar က ကျင်းပမယ်လို့သိရပါတယ်။

(ဒီနေ့) ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၆ နာရီခွဲကနေ ည ၉ နာရီခွဲအထိ Sule Shangri-La Hotel ရန်ကုန်မှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ လေလံပွဲကနေ ရရှိမယ့် ငွေအားလုံးကို

မြို့စွန်မြို့ဖျားရှိ မူလတန်းကျောင်းတွေမှာ ရောဂါကာကွယ်ရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လှူဒါန်းသွားမယ်လို့သိရပါတယ်။

“Ooredoo ရဲ့ တန်ဖိုးကြီး နံပါတ်အလှတွေကို အခုလိုမျိုး လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ အတွက် လေလံတင်ရောင်းချတာဖြစ်ပါတယ်၊ လေလံပွဲမှာ အများဆုံးပေးပြီးဝယ်ယူမယ့် လေလံအောင်သူကိုလည်း ယခုလို ပံ့ပိုးလှူဒါန်းမှုဖြစ်မြောက်အောင် ကူညီအားဖြည့်ပံ့ပိုးပေးတဲ့ အတွက်ကြောင့် ကြိုတင်ပြီး ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Marketing Officer ဖြစ်သူ Ms. Charity Safford ကပြောပါတယ်။