onn. 8-Inch Tablet

တန်ဖိုး – ကန်ဒေါ်လာ ၆၄

အားသာချက်

ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ကလေးတွေအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားပေမယ့် ဒီဇိုင်းပိုင်းကလည်း အတော်လေးကို ကောင်းမွန်တာကို တွေ့ရမှာပါ။ Google Play Store ကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီ အသုံးခံနိုင်မှု သက်တမ်းကတော့ အကြာကြီး ခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင်စွမ်း ဆောင်ရည်ပိုင်းကိုလည်း အရမ်းကောင်းမွန်တာမျိုး တွေ့ရမှာမဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

MediaTek MT8163 chip ကို အသုံးပြုထားပါတယ်။ RAM 2GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Internal storage ထည့်သွင်းပေးထားပါတယ်။ Storage များများ သုံးစွဲချင်သူတွေအတွက်လည်း microSD ထည့်သွင်းအသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Display screen အရွယ်အစားကတော့ ၈ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 800 x 1280 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 9 Pie ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ အနောက်ဘက် ကင်မရာက 2megapixels ရှိပြီး အရှေ့ဘက်ကင်မရာကတော့ 0.3 megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီသိပ်သည်းမှု ပမာဏကတော့ 3500 mAh ရှိမှာ ဖြစ်ပါတယ်။

-သီဟ