onn. 8-Inch Tablet

တန်ဖိုး – ကန်ဒေါ်လာ ၆၄

အားသာချက်

ဈေးနှုန်းချိုသာတဲ့ tablet ကို ရှာတယ်ဆိုရင် ဒီ tablet ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကလေးတွေအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားပေမယ့် ဒီဇိုင်းပိုင်းကလည်း အတော်လေးကို ကောင်းမွန်တာကို တွေ့ရမှာပါ။ Google Play Store ကိုလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီ သုံးစွဲမှုကြာချိန်ကတော့ အကြာကြီး ခံနိုင်မှာ မဟုတ်ပါဘူး။ ဈေးနှုန်းသက်သာတဲ့ tablet ဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းကလည်း အရမ်းကောင်းမွန်တာမျိုးကို တွေ့ရမှာမဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

MediaTek MT8163 chip ကို အသုံးပြုပေးထားပါတယ်။ RAM 2GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Internal storage ထည့်သွင်းပေးထားပါတယ်။ Storage များများ သုံးစွဲချင်တယ်ဆိုရင် microSD ထည့်သွင်း အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Display အရွယ်အစားကတော့ ၈ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 800 x 1280 ဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 9 Pie ဖြစ်ပါတယ်။ ကင်မရာစနစ်အနေနဲ့ အနောက်ဘက်ကင်မရာကို 2megapixels ရှိတဲ့ ကင်မရာ အသုံးပြုထားပြီး အရှေ့ ဘက်ကင်မရာကိုတော့ 0.3 megapixels ရှိတဲ့ကင်မရာ အသုံးပြုထားပါတယ်။ ဘက်ထရီ သိပ်သည်းမှု ပမာဏကတော့ 3500 mAh ရှိမှာဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««