Online Professional Photoshop Course ဖွင့်လှစ်မည်

သင်တန်းကြေး ချိုသာပြီး ထိရောက်စွာ သင်ကြားနိုင်မယ့် Online Professional Photoshop Course ကို Info tech Computer Center မှ ပို့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Plugin များ၊Brush များ၊Ebooks များ ၊Action Files များ၊ Presets များ၊PSD ဖိုင်များအပြင် Software များ စုံလင်စွာပါဝင်မယ်လို့ သိရပါတယ်။ကွန်ပျူတာဖိတ်စာနှင့်ဗီနိုင်းဆိုင်များ၊ ဓာတ်ပုံဆိုင်များ၊ Professional ဓာတ်ပုံဆရာများ၊ Online Shop ပိုင်ရှင်များ၊ Marketing အတွက် ကြော်ငြာဒီဇိုင်းရေးဆွဲလိုသူများ၊Graphic Design ကို ဝါသနာပါသူများ၊Logo Design ဆွဲလိုသူများ၊ Pre-Wedding ရိုက်ကူးရေးများ၊ ဓာတ်ပုံဝါသနာရှင်များ အတွက် အထူးသင့်တော်သော သင်ခန်းစာများကို အွန်လိုင်းစနစ်နဲ့ ပို့ချမှာ ဖြစ်တယ်လို့သိရပါတယ်။

သင်ကြားပေးမယ့် သင်ခန်းစာတွေက Photoshop CC 2017 အသုံးပြုနည်းများ ၊ Brush အမျိုးမျိုး အသုံးပြုနည်း၊ တံဆိပ်တုံးအမျိုးမျိူး ဖန်တီးခြင်း သင်ခန်းစာများ၊ Nik Collection plugin အသုံးပြုနည်းအပြင် Photoshop CC ဖြင့် Pamphlet, Poster Design များပြုလုပ်ခြင်း၊ Skin Retouching သင်ခန်းစာများ၊ Pre wedding Photo Editing၊ Lightroom Presets များ၊ Photoshop manipulations သင်ခန်းစာများ၊ ဓာတ်ပုံဆရာများအတွက် ကိုယ်ပိုင် Sign ဖန်တီးခြင်း၊ 3D Text Effect များဖန်တီးခြင်း၊ 3D Popout Effect များဖန်တီးခြင်း၊ Logo Design ဖန်တီးခြင်း၊ Color and Gradients, Working with layers, Retouch, Remove Background, Composite Manipulation အစရှိတဲ့ သင်ခန်းစာများအပြင် အခြား Photoshop Professional သင်ခန်းစာများ ပါဝင်မှာ ဖြစ်ပါတယ်။

သင်ကြားနည်းကတော့ သင်ခန်းစာ Video Lecture တွေကို Info Tech Computer Center ဝက်ဘ်ဆိုက်မှာ Upload တင်ထားပေးမှာဖြစ်ပြီး အားလပ်ချိန်တွေမှာ ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေး ၁၈,၀၀၀ ကျပ်ဖြစ်ပြီး အသေးစိတ်ကို Info Tech Computer Center ဖုန်း – ၀၉၂၆၉၁၉၄၃၃၀ နဲ့ ၀၉၉ ၇၈၄၇၈၄၈၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာ ကိုနှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««