Online Learning အဖြစ် သင်ကြားမည့် စင်ကာပူနိုင်ငံ PSB Academy ၏ သင်တန်းများကို ကျောင်းလခ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်

Online Learning အဖြစ် သင်ကြားမယ့် စင်ကာပူနိုင်ငံ PSB Academy ရဲ့ Certificate, Foundation, Diploma တန်းတွေကို ကျောင်းလခ ၂၅ ရာခိုင်နှုန်းအထိ စက်တင်ဘာနဲ့ အောက်တိုဘာ ကျောင်းဖွင့်ချိန်တွေအတွက် လျှော့ချပေးမယ်လို့ သိရပါတယ်။

မြန်မာနှိင်ငံမှ အထက်တန်းပညာရေးရှိသူတွေဟာ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ဖွင့်လှစ်မယ့် Certificate, Foundation Diploma တန်းတွေကို တိုက်ရိုက်လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာ လိုအပ်ချက်အတွက် အရည်အချင်းစစ် စာမေးပွဲကို အခမဲ့ စစ်ဆေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ PSB ရဲ့ certificate နဲ့ Diploma တန်းတွေဟာ Online Learning အဖြစ် စင်ကာပူကျောင်းရဲ့ အချိန်စာရင်းအတိုင်း သင်ကြားရမှာဖြစ်ပြီး စာသင်ချိန်ပြည့်မီအောင် တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Online Learning သင်ကြားခြင်းဖြင့် ကျောင်းသားတွေရဲ့ နိုင်ငံတကာပညာရေးကို မိမိနေအိမ်မှပင် သင်ကြားနိုင်ပြီး လတ်တလော စင်ကာပူသို့သွားရောက်ရန် ကြန့်ကြာနေချိန်မှာ အချိန်နှောင့်နှေးမူ မရှိဘဲ သင်ကြားနိုင်မှာဖြစ်ပြီး PSB ရဲ့ Certificate, Foundation , Diploma တန်းတွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ Online Learning အဖြစ်တက်ရောက်ပြီး စင်ကာပူ Campus သို့လည်း ပြောင်းရွှေ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Online Learning သင်ကြားရာမှာ ကျောင်းသူ ကျောင်းသားများ အခက်အခဲ မရှိစေဖို့ ရန်ကုန်မြို့ရှိ AT&S မှ Online Learning Support Program အဖြစ် Orientation နဲ့ Study Guide တွေကို ပြုလုပ်ပေးမှာဖြစ်ကြောင်း၊ PSB Academy မှာ စီးပွားရေးဘာသာရပ်၊ နည်းပညာဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ ဇီဝဆေးသိပ္ပံဘာသာရပ်တွေကို Certificate , Foundation , Diploma တန်းများမှ တစ်ဆင့် ဘွဲ့ဒီဂရီတန်းများအထိ တက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေကို အသေးစိတ်သိရှိလိုပါက AT&S နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု၊ ဖုန်း – ၀၉ ၅၀၆၂၁၇၁ ကို ဆက်သွယ် မေးမြန်းလျှောက်ထားနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««