Online Foundation English တန်းခွဲသစ် ဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ROP ( Republic of Professional) မှ Online English Foundation သင်တန်းအမှတ်စဉ် (၃၀) ကို နိုဝင်ဘာ ၇ ရက်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းမှာ အင်္ဂလိပ်စာ အခြေခံခိုင်မာအောင် လေ့ကျင့်လိုသူများ၊ မိမိအလုပ်တွင် အင်္ဂလိပ်လို ပြောတတ်ဆိုတတ် ဖြစ်စေရန် ပထမဆုံးခြေလှမ်းကို ခိုင်မြဲစွာလှမ်းလိုသူများ၊ အင်္ဂလိပ်စာကို စနစ်တကျနဲ့ ပျော်ပျော်ပါးပါး လေ့လာချင်သူများ အတွက် ပိုမိုသင့်တော်ပြီး အခြေခံပညာ အထက်တန်းကျောင်းအဆင့်မှ စ၍ တက်ရောက်နိုင်မှာဖြစ်ပြီး သင်ကြားမယ့် ပုံစံက ROP သင်တန်းကျောင်းမှ တီထွင်ထားသော MRI Online (Mentoring, Recorded Videos, Interactive Learning) နဲ့ ထိရောက်မှုအရှိဆုံးဖြစ်အောင် သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ အတွေ့အကြုံရှိ ကျောင်းသားကျောင်းသူဟောင်းများ ၊ ဆရာ၊ ဆရာမများက အင်္ဂလိပ်လို ရဲတင်း သွက်လက်ပွင့်လင်းစွာ ပြောတတ်အောင် အနီးကပ်ကူညီပေးခြင်း၊ အရေးကြီး သင်ခန်းစာအများစုအတွက် ကြိုတင်ပြင်ဆင်ထားသည့် ဗီဒီယိုဖိုင်များကို ဝေငှပေးခြင်း၊ တိုက်ရိုက် Live သင်နေသည့်အချိန် အင်တာနက်လိုင်း အဆင်မပြေဖြစ်တတ်သူများ အတွက် တိုက်ရိုက်သင်သည့် သင်ခန်းစာအများစုကို ဗီဒီယိုဖိုင်များ ပြန်လည်မျှဝေပေးခြင်း၊ ပြင်ပစာသင်ခန်းတွင်း လေ့လာသင်ယူခြင်းနှင့် ကွာခြားမှုသိပ်မရှိစေရန် Zoom Application ဖြင့် Interactive TV, HD Camera များ အသုံးပြုပြီး စာသင်ချိန် ၆၀ % ခန့်ကို တိုက်ရိုက် (Interactive) သင်ကြားပေးခြင်း စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ ညနေ ၄ နာရီ မှ ၆ နာရီအထိ ဖြစ်ပြီး စုစုပေါင်း (၃၂) နာရီစာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ROP (နေပြည်တော်သပြေကုန်း) ဖုန်း – ၀၉ ၇၇၉ ၉၇၇ ၈၃၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««