Online Appointment Booking System တစ်ခုကို မိတ်ဆက်

မြန်မာနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆိုင်နှင့်စီးပွားရေးလုပ်ငန်းများမှာ ၎င်းတို့ရဲ့ စားသုံးသူတွေကို online booking စနစ်နဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အတွက် Online Appointment Booking System တစ်ခုကို UserRoll မှ မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ စနစ်မှာ စီးပွားရေးနဲ့ ဝန်ဆောင်မှုပေးနေရတဲ့ လုပ်ငန်းတွေအတွက် မိမိစိတ်တိုင်းကျ သတ်မှတ်ထားတဲ့ အချိန်အတွင်း လူဦးရေ အကန့်အသတ်နဲ့ အွန်လိုင်းမှ ဘိုကင်လက်ခံနိုင်တဲ့ ပလက်ဖောင်းတစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အွန်လိုင်းမှ လေယာဉ်၊ဘတ်စ်ကားနဲ့ sightseeing tour များကြိုတင်ဘိုကင်တင်ရတဲ့ စနစ်နဲ့ တူညီတယ်လို့ သိရပါတယ်။

New normal ကာလမှာ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပြတိုက်၊ ဟိုတယ်၊ အပန်းဖြေနေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အားကစားခန်းမများ၊ ကစားကွင်းများ၊ ရေကူးကန်၊ ဆေးရုံဆေးခန်း၊ လက်ဝတ်ရတနာဆိုင်များ၊ ဆံသဆိုင်များ၊ ဥပဒေအကြံပေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ်များ စတာတွေအတွက် လူဦးရေ အကန့်အသတ်နဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း Appointment booking system ကို ပထမဆုံး sign up လုပ်တဲ့ စီးပွားရေးလုပ်ငန်း ၅၀၀ အတွက် အခမဲ့ အသုံးပြုခွင့် တစ်နှစ် ပေးအပ်သွားမှာ ဖြစ်ပြီး UserRoll Myanmar Team မှလည်း Booking System အသုံးပြုပုံတွေ၊ နည်းပညာအကူအညီတွေကို လိုအပ်သလို သင်တန်းပေးအကူအညီပေးသွားမယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်တွေကို UserRoll Myanmar အမှတ် (၉၇-ဘီ) ,ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ် ,ရန်ကုန် ၊အီးမေးလ် team.mm@eventnook.com, team.mm@userroll.com နဲ့ ဖုန်း – ၀၉ ၇၇၇ ၀၀၇၉၂၇ ကို ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««