Onlineမှ သင်ယူနိုင်မည့် စင်ကာပူတက္ကသိုလ်များ၏ပညာရေး အွန်လိုင်းပညာရေးဆွေးနွေးပွဲ ကျင်းပမည်

ပညာရေး နောက်ကျမကျန်ခဲ့အောင် Online မှ သင်ယူနိုင်မယ့် စင်ကာပူတက္ကသိုလ်များ၏ပညာရေး အွန်လိုင်းပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၅ နာရီမှ ၆ နာရီထိ Zoom မှတစ်ဆင့် ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲမှာ ပညာရေး အဆက်မပြတ်သွားရအောင် Stay at Home ကာလအတွင်း စင်ကာပူနိုင်ငံ James Cook University (JCUS) က Bachelor, Master Degreeတွေကို မြန်မာနိုင်ငံကနေ လှမ်းသင်ယူထားပြီး Pandemic ကာလပြီးသွားတဲ့အခါ ပုံမှန် Face-to-Face အတန်းတွေကို ဆက်လက် သွားရောက်သင်ယူနိုင်မယ့် အကြောင်းအရာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံ James Cook University (JCUS)က Bachelor of Information and Technology (BIT) ကျောင်းသားတွေဖြစ်တဲ့ မောင်ကျော်ဖြိုးအောင် (25% Scholarship Winner) မောင်ဇာနည်ထွန်း (100% Scholarship Winner) တို့ရဲ့ Covid-19 ကာလအတွင်း ပညာရေးအတွေ့အကြုံတွေကို အွန်လိုင်းကနေ တိုက်ရိုက်မေးမြန်းနိုင်ဖို့ CROWN Education က စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/crownjcunov14 မှတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««