OnePlus 8T

စျေးနှုန်း – ၆၇၅,၀၀၀ ကျပ် (8/128GB)

အားသာချက်

ကောင်းမွန်တဲ့ 120Hz AMOLED Display နဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ မြန်ဆန်တဲ့ အားသွင်းစနစ်၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီနဲ့ Flagship-grade စွမ်းဆောင်ရည်တွေရှိပြီး အသံထွက် ကျယ်လောင်ကောင်းမွန်တဲ့ စပီကာ၊ နေ့ညရိုက်ကူးမှု အတွက် ကောင်းမွန်တဲ့ ကင်မရာနဲ့ သုံးရတာ ရှင်းလင်းမြန်ဆန်မှုရှိတဲ့ UI တွေပါဝင်လာတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

OnePlus 8 Pro လို ရေစိုခံနိုင်မှုစနစ် မပါဝင်တာ၊ Tele photo ကင်မရာ မပါဝင်တာ၊ ကြိုးမဲ့အားသွင်းစနစ်တွေ မပါတာ၊ 5G အတွက် ထောက်ပံ့ပေးထားမှု မရှိတာနဲ့ ဂိမ်းတော်တော်များများကို 60Hz နဲ့သာ ကစားနိုင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 865 (7 nm+) CPU
  • Adreno 650 GPU
  • 8GB RAM
  • 128GB; no Card slot
  • Android 11, OxygenOS 11
  • Wi-Fi 802.11 a/b/g/n/ac/6, Bluetooth 5.1, NFC

OnePlus 8T မှာ OnePlus 8 နဲ့ 8 Pro မှာလိုပဲ Qualcomm Snapdragon 865 chipset ကို သုံးထားပြီး Andreno 650 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ microSD ကတ်ပေါက် မပါဝင်တဲ့အတွက် သိုလှောင်မှုပမာဏကို ထပ်မံ တိုးမြှင့်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 7nm+ SoC ဖြစ်တဲ့ 865 processor က စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်တဲ့ processor ဖြစ်ပြီး GeekBen 5.1 (multi-core) ရမှတ် ၃၁၂၆၊ နဲ့ AnTuTu 8 ရမှတ် ၅၈၆၀၀၀ ရှိပါတယ်။ ဒီ multi-core စွမ်းဆောင်ရည်က OnePlus 8T အတွက် ကောင်းမွန်တဲ့ ရမှတ်တွေလို့ ပြောလို့ရသလို 60fps ဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာက ကျယ်လောင် ကောင်းမွန်မှုရှိသလို အသံထွက် အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ OnePlus 8T က Android 11 အခြေခံ OxygenOS 11 ကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပြီး ယခင် OS UI တွေနဲ့ အနည်းငယ် ကွဲပြားမှုရှိပါတယ်။ Bitmoji avatar တွေကို AOD (Always-on Display) အနေနဲ့ အသုံးပြုနိုင်သလို System-wide dark mode ၊ ဘယ် App ကို မဆို ဒုတိယအကောင့်တစ်ခုနဲ့ အသုံးပြုနိုင်မယ့် Parallel Apps လုပ်ဆောင်ချက်၊ App Locker စနစ်၊ Game Space စတဲ့ အသုံးဝင်လှတဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Punch-hole selfie camera
  • 6.55 inches, Fluid AMOLED Display,
  • 20:9 aspect ratio
  • 120Hz, HDR10+
  • Fingerprint (under display)
  • Gorilla Glass 5
  • 188g

သတ္တုကိုယ်ထည်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး ပရီမီယံဆန်တယ်လို့ ခံစားရပြီး ကိုင်ရတာ ကျစ်လျစ်မှုရှိသလို လက်ထဲမှာ အံဝင်ခွင်ကျရှိပါတယ်။ ကျောဘက်ကင်မရာတွေကို ဒေါင်လိုက်အနေနဲ့ လေးထောင့်ကွက်ထဲမှာ ဖလက်ရှ်နှစ်လုံးနဲ့ ပူးတွဲ ထည့်သွင်းထားပြီး ရှေ့ဘက် punch-hole ကင်မရာကိုတော့ မြင်ကွင်းဘယ်ဘက် အပေါ်ထောင့်နားမှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲက ပါဝါခလုတ်နဲ့ Alart slider ခလုတ်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ အသံအတိုးအကျယ် ခလုတ်နဲ့ SIM ကတ်ပေါက်ကတော့ အောက်ဘက်ဘောင်ရဲ့ အားသွင်းပေါက် ညာဘက်မှာ ထည့်သွင်းထားပါတယ်။ ဒီဖုန်းမှာ နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။

OnePlus 8T ရဲ့ Display က 120Hz refresh rate ရှိတဲ့ အရွယ်အစား ၆.၅၅ လက်မ ရှိတဲ့ Fluid AMOLED Display ကို သုံးထားပြီး ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Display အရွယ်အစားက OnePlus 8 နဲ့ တူပေမယ့် 8T ရဲ့ display ကို iPhone လိုမျိုး ဖုန်းကို Screen ပေါ်ကနေ အပြည့်အဝ ထိန်းချုပ်အသုံးပြုနိုင်တဲ့ chip-on-panel display အနေနဲ့ အသုံးပြုထားတာ ဖြစ်လို့ သေးငယ်တဲ့ chin နဲ့ မျက်နှာပြင်ပြည့် စွမ်းဆောင်ရည်ကို အပြည့်အဝ ရရှိနိုင်မှာဖြစ်ပါတယ်။ Display ကို 120Hz, 60Hz ပုံစံနှစ်မျိုးနဲ့ သုံးနိုင်မှာဖြစ်ပြီး HDR 10+ လည်းထောက်ပံ့ပါဝင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၇ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 402 ppi ရှိပါတယ်။ ရှေ့နောက် မျက်နှာပြင်တွေကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး လက်ဗွေစနစ်က under display (optical) အမျိုးအစားဖြစ်တဲ့အတွက် အသုံးပြုရတာ တော်တော်လေးမြန်တာ နှစ်သက်စရာပါ။

ကင်မရာ

  • Standard: 48MP (wide), f/1.7, PDAF, OIS
  • 16MP, f/2.2 (ultrawide)
  • 5MP, f/2.4 (macro)
  • 2MP, f/2.4 (depth)
  • Selfie : 16M, f/2.4 (wide)
  • Video : 4K@30/60fps, 1080p@30/60/240fps, Auto-HDR, gyro-EIS
  • Dual-LED flash, HDR, Panorama

OnePlus 8T ရဲ့ ကျောဘက် Quad ကင်မရာစနစ်မှာ aperture f/1.7 ရှိတဲ့ 48MP Sony IMX586 အဓိက ကင်မရာ၊ ၁၁၆ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP ultrawide ကင်မရာ၊ 5MP macro ကင်မရာနဲ့ 2MP depth ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ကင်မရာမှာ OIS နည်းပညာ၊ PDAF နည်းပညာနဲ့ gyro-EIS စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ အဓိက ကင်မရာက 12MP အရည်အသွေး ဓာတ်ပုံတွေကို defult အနေနဲ့ သိမ်းဆည်းပေးမှာ ဖြစ်ပြီး 48MP အနေနဲ့လည်း ပြောင်းလဲရိုက်ကူးနိုင်မှာပါ။ နေ့ဘက်ပိုင်း ရိုက်ကူးမှုအတွက် ရုပ်ထွက်ပိုင်းကောင်းမွန်သလို detail, sharpness ပိုင်းနဲ့ ကာလာပိုင်းကလည်း သဘာဝကျလှပါတယ်။ Telephoto ကင်မရာ မပါဝင်ပေမယ့် အဓိက ကင်မရာကနေ 2x zoom အနေနဲ့ ဆွဲယူရိုက်ကူးနိုင်မှာ ဖြစ်သလို သူ့ရဲ့ 2x mode ရုပ်ထွက်က ကျေနပ်စရာ ကောင်းလှပါတယ်။ Portrait mode ကို 2x zoom အနေနဲ့ ဆွဲယူရိုက်ကူးနိုင်ပေမယ့် ရုပ်ထွက်ပိုင်း အနည်းငယ်ကျသွားတာ တွေ့ရပါတယ်။ macro ရိုက်ကူးမှုကလည်း ကျေနပ်စရာကောင်းလှပြီး Low-light ဓာတ်ပုံရိုက်ကူးမှုအတွက် အလိုအလျောက် ချိန်ပေးတဲ့ Automatic Nightscape စနစ် ထောက်ပံ့ပါဝင်ပါတယ်။ ညပိုင်းရိုက်ကူးမှုကိုလည်း 2x zoom ဆွဲယူရိုက်ကူးနိုင်ပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိတယ်လို့ဆိုရမှာပါ။ အနည်းငယ် noisy ရှိတယ် ဆိုပေမယ့် ကာလာရုပ်ထွက်ပိုင်းက စိုပြည်မှုရှိသလို တောက်ပမှုလည်း ရှိတယ်လို့ ဆိုရမှာပါ။

ရှေ့ဘက် 16MP Sony ImmX471 selfie ကင်မရာရဲ့ စွမ်းဆောင်ရည်က ပုံမှန်လောက်သာရှိတယ် ဆိုပေမယ့် အလယ်အလတ်အမျိုးအစား ကင်မရာတစ်လုံးထဲ အသုံးပြုထားတဲ့ အခြားဖုန်း selfie ကင်မရာတွေထက် ကောင်းတယ်လို့ ဆိုရမှာပါ။ Selfie portrait ရဲ့ blur က သဘာဝကျသလို ကာလာရုပ်ထွက်ပိုင်းကလည်း ကျေနပ်စရာပါ။ ဗီဒီယိုအနေနဲ့ 4K ဗီဒီယိုကို 30/60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p ဗီဒီယိုကို 30/60/240fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Portrait ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုစနစ်အတွက် Auto HDR နဲ့ gyro-EIS စနစ် ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

Li-Po 5000mAh 65W Fast Charging
USB Type-C 3.1, USB On-The-Go

OnePlus 8T မှာ 4500mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး သူ့မှာပါဝင်တဲ့ ၆၅ ဝပ် အားသွင်းမြန်ဆန်တဲ့ နည်းပညာက ၀-၁၀၀ ရာခိုင်နှုန်းကို ၃၉ မိနစ်နဲ့ သွင်းပေးနိုင်တယ်လို့ OnePlus က ကြေညာထားပါတယ်။ ဖုန်းနဲ့အတူ ၆၅ ဝပ် Warp Charge adapter ပါဝင်ပါတယ်။ ဒီဖုန်းနဲ့ ဗီဒီယိုဆက်တိုက်ဖွင့်ထားတာကို ၁၆ နာရီကြာ၊ 3G ဖုန်းပြောတာကို နာရီ ၃၀ ကျော်ကြာနဲ့ အွန်လိုင်းအသုံးပြုတာကို ၁၃ နာရီကျော်ကြာ အသုံးပြုနိုင်ပြီး ပုံမှန် Standby အနေနဲ့ ဖုန်းသုံးတာ၊ အွန်လိုင်းသုံးတာ၊ ဗီဒီယိုကြည့်တာတွေကိုတော့ နာရီပေါင်း ၁၀၄ နာရီကြာ သုံးနိုင်တာ ကျေနပ်စရာပါ။ အားသွင်းစနစ်က USB Type-C အမျိုးအစားဖြစ်ပြီး USB OTGB စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

သုံးသပ်ချက်

လက်ရှိ ဈေးကွက်ထဲမှာ OnePlus 8T နဲ့ ဈေးသိပ်မကွာတဲ့ Xiaomi Mi 10T Pro ကလည်း HRR Screen, Snapdragon 865 chips နဲ့ ထိပ်တန်းအရည်အသွေး ကင်မရာစနစ်တွေ ပါဝင်တဲ့အပြင် ကြီးမားတဲ့ ဘက်ထရီကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ Mi 10T Pro က 144Hz display ဖြစ်ပေမယ့် LCD အမျိုးအစား ဖြစ်ပါတယ်။ OnePlus 8T ကတော့ 120Hz OLED Display နဲ့ Mi 10T Pro ထက် ပိုမိုမြန်ဆန်တဲ့ ၆၅ ဝပ် အားသွင်းစနစ်တွေ ပါဝင်ပါတယ်။ နောက်ထပ် OnePlus 8T ရဲ့ ပြိုင်ဘက်ဖုန်းတစ်လုံး ဖြစ်တဲ့ Galaxy S20 FE 5G ဖုန်းက 120Hz OLED display ၊ တူညီတဲ့ ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီစနစ်တွေ အပြင် IP68 ရေစိုခံနိုင်တဲ့ဖုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ Galaxy S20 FE က ဈေးက OnePlus 8T ထက် ယူရို ၁၀၀ လောက် ပိုများပါတယ်။ OnePlus 8T က ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးဖြစ်သလို သင့်အနေနဲ့ ပရီမီယံ mid-range အမျိုးအစား စမတ်ဖုန်းကို သုံးချင်တယ်ဆိုရင်တော့ ဒီဖုန်းက ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««