OnePlus Watch အမြည်းမိတ်ဆက်

OnePlus 8T စမတ်ဖုန်းကို မိတ်ဆက်လိုက်ပေမယ့် ကာလရှည်ကြာစောင့်ဆိုင်းနေရတဲ့ OnePlus Watch ကိုတော့ မိတ်မဆက်သေးပါဘူး။ ဒါပေမဲ့လည်း OnePlus ကတော့ Watch ကို မကြာခင်မှာ မိတ်ဆက်မယ်လို့ Twitter မှာရှင်းလင်းခဲ့ပါတယ်။

OnePlus ဟာ ၂၀၁၆ ခုနှစ်ကတည်းက စမတ်နာရီကိုလုပ်ကိုင်နေပြီး အပြီးသတ်ထုတ်ကုန် ဖြစ်နေပါပြီ။ ဒါပေမဲ့လည်း OnePlus က ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ OnePlus အဖွဲ့က Watch ကို ပိုမို ကောင်းမွန်အောင် လုပ်ကိုင်နေပြီး အခြားထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ခံစားနေရပါတယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««