OnePlus Nord N10 5G နဲ့ N100 ဖုန်းတွေ မိတ်ဆက်

OnePlus ကတော့ အလယ်အလတ်တန်းစားဖုန်း Nord စီးရီး ၂ မျိုးကို မိတ်ဆက်လိုက်ပါတယ်။

OnePlus Nord N10 5G

OnePlus N10 5G မှာတော့ မူလ N10 လိုပဲ အလယ်အလတ်တန်းစား Snapdragon ချစ်ပ်အသုံးပြုထားပြီး 90Hz display နဲ့ အဓိက ကင်မရာ 64MP အသုံးပြုထားပါတယ်။ N10 ကတော့ ဈေးသက်သာတဲ့ ဖုန်းလို့ ပြောနိုင်ပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆.၄၉ လက်မ display နဲ့အတူ 1080p+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ အခြား Nord ဖုန်းတွေနဲ့ မတူတာက IPS LCD အသုံးပြုထားတာ ဖြစ်ပါတယ်။ Gorilla Glass 3 ပါဝင်ပြီး ကျောဘက်မှာ fingerprint reader ပါဝင်လာတယ်။

Nord N10 ပေါ်က ကျောဘက်ကင်မရာကတော့ 64MP ဖြစ်ပြီး 8MP ၁၁၉ ဒီဂရီ ultrawide ကင်မရာနဲ့ macro နဲ့ depth ကင်မရာတွေလည်း ပါဝင်လာပါတယ်။ အဓိက ကင်မရာကတော့ 30fps နဲ့ 4K အပြင် 60fps နဲ့ 1080p ရိုက်ကူးနိုင်ပါတယ်။

ရှေ့ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ ဘက်ထရီကလည်း 4,300mAh ဖြစ်ပြီး Warp Charge 30T အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။ အခု မော်ဒယ်မှာ နားကြပ်ပေါက် ပါဝင်လာပါတယ်။
OnePlus Nord N10 5G အတွက် RAM 6GB နဲ့ storage 128GB ကတော့ ယူရို ၃၅၀ ကျသင့်ပါမယ်။

OnePlus Nord N100

OnePlus Nord N100 ကတော့ ဈေးသက်သာတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဖုန်းကိုတော့ ယူရို ၂၀၀ နဲ့ စတင်ရောင်းချပြီး RAM 4GB နဲ့ storage 64GB တို့ပါဝင်လာပါတယ်။ ဒါ့အပြင် storage ကိုလည်း ထပ်မံ တိုးချဲ့နိုင်ပါတယ်။

ဖုန်းမှာတော့ Snapdragon 460 chipset အသုံးပြုထားပြီး 11nm ချစ်ပ်မှာ Cortex-A73 core နဲ့ Adreno 610 core တို့ပါဝင်လာပါတယ်။

N100 မျက်နှာပြင်အရွယ်က ၆.၅၂ လက်မ ဖြစ်ပြီး IPS LCD နဲ့ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး 720x 1,600px နဲ့ဖြစ်ပြီး Gorilla Glass 3 အသုံးပြုထားပါတယ်။ N10 လိုပဲ စတီရီယို စပီကာနဲ့ ကျောဘက် fingerprint တို့ ပါဝင်လာပါတယ်။

OnePlus ကတော့ N100 ဘက်ထရီကိုတော့ 5,000mAh အထိ ထောက်ပံ့ထားပါတယ်။ ဒါပေမဲ့ Warp အားသွင်းမြန်ဆန်စနစ် မပါဝင်ဘဲ 18W ပဲထောက်ပံ့ထားပါတယ်။ နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။ OnePlus ကတော့ N100 အတွက်13MP ကင်မရာနဲ့ 2MP macro lens နဲ့ depth sensor ကို ထောက်ပံ့ထားပါတယ်။ ဗီဒီယိုပိုင်းမှာတော့ ရှေ့ဘက်နဲ့ ကျောဘက်ကင်မရာတွေက 1080p/30fps ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP sensor ဖြစ်ပါတယ်။

N100 နဲ့ N10 တို့မှာ OxygenOS 10.5 ကိုအသုံးပြုထားပါတယ်။ Android 10 အခြေခံထားတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««