OnePlus Nord N10 ပုံကြမ်း ထွက်လာ

ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတဲ့ OnePlus Nord စီးရီး စမတ်ဖုန်းကတော့ ဒေါ်လာ ၄၀၀ တန် Nord N10 5G ဖုန်းနဲ့ ပွဲထွက်လာနိုင်ပါတယ်။ အခုဆိုရင် သတင်းဖော်ထုတ်သူ Max J ကတော့ Nord N10 ပုံကြမ်းကို Twitter မှာဖော်ထုတ်လိုက်ပါတယ်။

Nord N10 ပုံကြမ်းအရ OnePlus 8T လိုပဲ ညာဘက်ထောင့်မှာ ကင်မရာ cutout တစ်ခု ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 690 chipset နဲ့အတူ RAM 6GB နဲ့ storage 128GB ပါဝင်မယ်လို့ ကောလာဟလ ထွက်နေပါတယ်။ ဒါ့အပြင် Nord ဖုန်းမှာ မျက်နှာပြင် ၆.၄၉ လက်မ 90Hz refresh rate နဲ့ FHD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာနိုင်ပါတယ်။

ကင်မရာပိုင်းကတော့ အဓိက ကင်မရာ 64MP နဲ့အတူ 8MP ultrawide lens နဲ့ macro နဲ့ depth အတွက် 2MP sensor ၂ ခု ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် 18W အားသွင်းစနစ် ပါဝင်လာနိုင်ပေမယ့် ဘက်ထရီပမာဏကိုတော့ မသိရသေးပါဘူး။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««