OnePlus Nord မှာ ultrawide selfie ကင်မရာ ပါဝင်လာ

OnePlus Nord ဖုန်းမှာ ၁၀၅ ဒီဂရီ ultrawide selfie ကင်မရာ ပါဝင်မယ်လို့ OnePlus ကပြောကြားထားပါတယ်။

အဲဒီ ကင်မရာကြောင့် သုံးစွဲသူတွေ selfie stick ကြောင့် အရှက်ရစရာ မလိုတော့ဘူးလို့ ကြော်ငြာထားပါတယ်။ ဖုန်းဟာ ပရိသတ်တွေ တောင်းဆိုထားတဲ့ အရာတွေ ပါဝင်မယ်လို့ ကုမ္ပဏီကပြောခဲ့တယ်။

OnePlus ဟာ Nord ဖုန်းကို ဇူလိုင် ၂၁ ရက်ပွဲမှာ မိတ်ဆက်ပါမယ်။ သုံးစွဲသူက OnePlus Nord AR App သုံးပြီး ပွဲကို ရှုစားနိုင်ပါမယ်။ Android နဲ့ iOS အတွက်ပါ OnePlus Nord AR App ကိုဖြန့်ထားပါတယ်။ Nord ဈေးနှုန်းက ဒေါ်လာ ၅၀၀ အောက်ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က အသစ်ထွက်ရှိမယ့် Nord စမတ်ဖုန်း ရှေ့နဲ့ နောက်ပုံတွေ ထွက်လာပါတယ်။ ပုံအရ ရှေ့ကင်မရာ ၂ လုံးနဲ့ ကျောဘက်ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ ကျောဘက်ရဲ့ အဓိက ကင်မရာက 48MP, 8MP wide-angle lens , 5MP macro နဲ့ 2MP portrait lens တို့ပါဝင်လာပါမယ်။

စိုးထက်
Ref: CNET