OnePlus Nord ဒီဇိုင်း ထွက်ပေါ်လာ

OnePlus Nord ကို ဇူလိုင် ၂၁ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပြီး ပေါက်ကြားထွက်ပေါ်မှုတွေနဲ့ တရားဝင် အမြည်းမိတ်ဆက်မှုတွေလည်း ထွက်လာပါတယ်။

OnePlus က ရောင်းအားမြှင့်တင်ရေးဗီဒီယိုမှာ Nord ကိုပြသခဲ့ပါတယ်။ အခုဆိုရင်လည်း Evan Blass ဆီကနေ ဓာတ်ပုံတွေ ထွက်လာပါတယ်။

OnePlus Nord ရဲ့ display ဘယ်ဘက်ထောင့်ရှိ ဆေးလုံးပုံစံထဲမှာ ကင်မရာ ၂ လုံးကို ထည့်သွင်းထားပါတယ်။ ရှေ့ကင်မရာ 32MP wide နဲ့ 8MP ultrwide angle ကိုအသုံးပြုထားပုံရပါတယ်။

OnePlus Nord ရဲ့တရားဝင် Instagram account မှာတော့ ဖုန်းအတွက် AMOLED display အသုံးပြုမယ့်ကိစ္စကို meme တစ်ခုနဲ့ ပုံဖော်ခဲ့ပါတယ်။

Amazon.in ပေါ်က ရောင်းအားမြှင့်တင်ရေး စာမျက်နှာမှာတော့ OnePlus Nord ရဲ့ panel အတွက် အမြင့်ဆုံး refresh rate အသုံးပြုထားပါတယ်။

OnePlus Nord ကျောဘက် ကင်မရာကတော့ ၄ လုံးဖြစ်ပြီး 48MP, 8MP ultrawide, 5MP macro နဲ့ 2MP depth sensor တို့ပါဝင်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena