OnePlus 9 5G ဓာတ်ပုံထွက်လာ

ကောလာဟလတွေ ထွက်ပေါ်နေတဲ့ OnePlus 9 5G ဖုန်းပုံတွေက ထွက်လာပါပြီ။ OnePlus 9 5G ဖုန်းဟာ ကုမ္ပဏီအတွက် အသစ်ထွက်မယ့် flagship ဖုန်းလည်း ဖြစ်ပါတယ်။

ဖုန်းကတော့ ငွေရောင်ဖြစ်ပြီး ကျောဘက်မှာ ကင်မရာ ၃ လုံးပါတာ တွေ့ရပါတယ်။ ဖုန်းမှာ Qualcomm ရဲ့အမှတ်တံဆိပ်သစ် Snapdragon 888 ချစ်ပ်ပါမယ်လို့ Phone Arena ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် OnePlus 9 5G မှာ RAM 8GB နဲ့ storage 128GB လည်းပါဝင်နိုင်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး Android 11 ကိုအသုံးပြုဖွယ် ရှိပါတယ်။

OnePlus 9 ကတော့ ၂၀၂၁ ခုနှစ် မတ်လလယ်မှာ ထွက်လာနိုင်ပါတယ်။ OnePlus 8T ဖုန်းထက်လည်း မျက်နှာပြင် ကြီးမားဖွယ်ရှိပါတယ်။

စိုးထက်

Ref: CNET

 

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««