OnePlus 9 မှာကင်မရာ ၃ လုံးပါဝင်နိုင်

OnePlus 9 နဲ့ပတ်သက်တဲ့ ဓာတ်ပုံထွက်လာပါတယ်။ OnePlus ဟာ OnePlus 8T မိတ်ဆက်အပြီး တစ်လအကြာမှာ မျိုးဆက်သစ် flagship ဖုန်းကို မိတ်ဆက်ဖို့ရှိပါတယ်။

91Mobiles ကဖော်ပြတဲ့ CAD သရုပ်ဖော်အရ OnePlus 9 မှာတော့ display ကတော့ ၆.၅၅ လက်မရှိပြီး မျက်နှာပြင်ကွေး ပါဝင်လာပါတယ်။ ပုံအရ ဖုန်းရဲ့ ဘယ်ဘက်မှာ hole-punch ကင်မရာပါဝင်ပြီး ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်လာပါတယ်။

အစောပိုင်း သတင်းအရ OnePlus 9 မှာ Qualcomm Snapdragon 875 ပါဝင်ဖွယ်ရှိပါတယ်။ ဒီဇင်ဘာလမှာ မိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် 120Hz refresh rate ပါဝင်ဖွယ်ရှိတယ်လို့ 91Mobiles ကဖော်ပြခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««