OnePlus 8T အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်

OnePlus 8T ကိုတော့ အောက်တိုဘာ ၁၄ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီစီအီးအို ပီတာလူကတော့ OnePlus 8T မှာ မျက်နှာပြင် ၆.၅၅ လက်မ 120Hz display ပါဝင်ပါမယ်။ OnePlus 8T ဖုန်း panel မှာ JNCD 0.3 ထောက်ပံ့ထားတယ်လို့ Weibo profile မှာ စီအီးအိုက တင်ခဲ့တယ်။

JNCD ကတော့ အရောင်တိကျမှု တိုင်းတာတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ JNCD တိုင်းတာမှုက 1 အောက်ဆို အလွန်ကောင်းမွန်ပြီး 0.4 ကနေ 0.3 ဖြစ်ဖို့က ခက်ခဲတယ်လို့ ပီတာလူက ပြောပါတယ်။

ပီတာလူက OnePlus 8T ရဲ့ auto-brightness ချိန်ညှိမှုကို ၂ ဆ အဆင့်မြှင့်တင်ထားတယ်လို့ ပြောခဲ့ပါတယ်။ OnePlus 8T ရှေ့နဲ့ နောက်မှာ ပါဝင်မယ့် ambient light sensor တွေက ပတ်ဝန်းကျင် အလင်းရောင်ကို တိုင်းတာပေးပါတယ်။

Digital Chat Station က OnePlus 8T အသေးစိတ် အချက်အလက်တွေကို တင်ခဲ့ပါသေးတယ်။ OnePlus 8T ရဲ့ 8/128GB ဗားရှင်းကတော့ ယူရို ၅၉၉ ကျသင့်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««