OnePlus 8 Pro အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်

OnePlus ဟာ ဒီနှစ်အတွင်း ဖုန်းမော်ဒယ် ၃ မျိုးကို ဖြန့်ချိနိုင်ပါတယ်။ OnePlus 8 ဟာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်အထောက်အထား ရရှိခဲ့ပါတယ်။ OnePlus 8 Pro ရဲ့ အသေးစိတ် အချက်အလက်ကလည်း Geekbench မှာထွက်ပေါ်လာပါတယ်။

OnePlus 8 မော်ဒယ်နံပါတ်ကတော့ IN2011 ဖြစ်ပါတယ်။ OnePlus 8 Pro မှာကျောဘက် ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ OnePlus 8 Pro အချက်အလက်တွေက Geekbench 4 database မှာရှိပါတယ်။ ဖုန်းရဲ့ software နဲ့ hardware တွေကအစောပိုင်း အဆင့်မှာရှိနေပြီး Android 10 အသုံးပြုကာ Snapdragon 865 chipset နဲ့ RAM 12GB ပါဝင်လာဖွယ်ရှိပါတယ်။

OnePlus ဟာ မျိုးဆက်သစ်ဖုန်းတွေမှာ 120Hz OLED display ထည့်သွင်းမယ့်အကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ OnePlus 8 Pro မှာ 120Hz ပါဝင်လာနိုင်ကာ အခြားမော်ဒယ် ၂ မျိုးမှာတော့ 90Hz မျက်နှာပြင်တွေ အသုံးပြုနိုင်ပါတယ်။OnePLus 8 Lite ဖုန်းမှာတော့ ကင်မရာ ၃ လုံး ပါဝင်ဖွယ်ရှိပါတယ်။ OnePlus 8 Lite ဟာ Qalcomm chipset မသုံးထားတဲ့ ကုမ္ပဏီရဲ့ပထမဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။ OnePlus 8 Lite မှာတော့ MediaTek Dimentsity 800 5G ချစ်ပ်ပါဝင်နိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: GSMArena