OnePlus 8 အပြင် OnePlus 8 Pro ကိုထပ်မံမိတ်ဆက်နိုင်

OnePlus ဟာ 7T နဲ့ 7T Pro ကိုထုတ်ဖော်ပြသပြီး တစ်လအကြာမှာ OnePlus 8 မိတ်ဆက်မယ့်သတင်းနဲ့ သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ အခုအခါမှာလည်း OnePlus 8 Pro အမည်ရ ထုတ်ကုန်သစ် သတင်းနဲ့ ပုံတွေထွက်လာပါတယ်။

ပုံတွေအရ OnePlus 8 Pro မှာ 7 Pro နဲ့ 7T Pro လိုမျိုး punch hole display ပါဝင်တာ တွေ့ရပါတယ်။

OnePlus 8 Pro ဟာ OnePlus 8 နဲ့သိပ်မကွာခြားပါဘူး။ ဒါပေမဲ့ OnePlus 8 Pro ကျောဘက်မှာ 3D ToF sensor နဲ့ကင်မရာ sensor တွေပါဝင်လာပါတယ်။ ထိပ်ဘက်က ဘေးဘောင်ကလည်း OnePlus 8 ထက် ပိုမိုထူးထဲပါတယ်။

OnePlus 8 Pro ကခလုတ်တွေ၊ စပီကာနဲ့ USB-C port နဲ့ SIM card အပေါက်တွေ နေရာချထားပုံကလည်း OnePlus 8 နဲ့တူပါတယ်။ ဒါပေမဲ့ OnePlus 8 Pro ရဲ့အထူက ၀.၇ မီလီမီတာ ရှီပြီး မျက်နှာပြင် ၆.၆၅ လက်မ ရှိတဲ့အတွက် OnePlus 8 ရဲ့ display ထက် ၀.၁၅ လက်မ ပိုကြီးမားပါတယ်။

  

OnePlus 8 နဲ့ 8 Pro ရဲ့မျက်နှာပြင် refresh rate 90Hz ရှိပါတယ်။ OnePlus ရဲ့အနာဂတ်ထုတ်ကုန်တွေမှာ 90Hz display ပါဝင်လာမယ်လို့ ကုမ္ပဏီကထုတ်ပြန်ဖူးပါတယ်။

OnePlus ဟာ ဒီနှစ် မေလအတွင်း 7 နဲ့ 7Pro ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် OnePlus 8 ထုတ်ကုန်တွေကို လာမယ့်နှစ်မှပဲ မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena