OnePlus 8 နဲ့ OnePlus 8 Pro ကို ဧပြီ ၁၄ မှာ မိတ်ဆက်မယ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ OnePlus ဟာ ဒီနှစ်အတွက် ဧပြီ ၁၄ မှာ နောက်ဆုံးပေါ် flagship ဖုန်းတွေဖြစ်တဲ့ OnePlus 8 နဲ့ OnePlus 8 Pro တို့ကို မိတ်ဆက်သွားပါမယ်။ OnePlus ဟာ Samsung နဲ့ Google တို့နဲ့ ယှဉ်ပြိုင်ပြီး ဖုန်းတွေကို ဈေးသက်သာစွာ ရောင်းချနေပါတယ်။ OnePlus 8 ဖုန်းတွေကို ဒီဂျစ်တယ်ကနေ တစ်ဆင့် မိတ်ဆက်ပါမယ်။

OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေမှာ 5G ချိတ်ဆက်မှု၊ 120Hz display တွေပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ မနှစ်က မိတ်ဆက်ခဲ့တဲ့ဖုန်းတွေထက် ဈေးနှုန်းအနည်းငယ်မြင့်မားမယ်လို့ OnePlus စီအီးအို ပီတီလူက ပြောခဲ့ပါတယ်။

OnePlus 8 ရှေ့ကင်မရာကို hole-punch မျက်နှာပြင်ထဲထည့်သွင်းထားပြီး Snapdragon 865 အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ ဈေးနှုန်းသက်သာတဲ့OnePlus 8 Lite ဗားရှင်းကိုလည်း မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: CNET