OnePlus 7T Pro

Price : (1,169,000 Ks_12GB/256GB)

အားသာချက်

အလူမီနီယံကိုယ်ထည်ရှေ့ဘက်နဲ့ ကျောဘက်နှစ်ခုစလုံးကို Gorilla Glass 5 နဲ့ အုပ်ထားပြီး အရည်အသွေးမြင့် high-res 90H အမျိုးအစား အဆင့်မြင့် Fluid AMOLED screen ကို သုံးထားတဲ့အပြင် စတူဒီယိုစပီကာစနစ်က လည်း ကျယ်လောင်ကောင်းမွန်မှုရှိပါတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်သလို မြန်ဆန်တဲ့ အားသွင်း နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။ Oxygen 10 OS က ချောမွေ့ ကောင်းမွန်သလို အသုံးပြုရတာ ကျေနပ်စရာကောင်းလှပါတယ်။ ကင်မရာက နေ့-ည ရိုက်ကူးမှုတွေမှာ Flagship အဆင့် ဓာတ်ပုံအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှု ကောင်းမွန်တာတွေကလည်း ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

OnePlus 7 Pro နဲ့ အရမ်းကွာခြားလွန်းတဲ့ တိုးတက်မှုသိပ်မတွေ့ရ သလို microSD slot နဲ့ နားကြပ်ပေါက်တွေလည်း မပါဝင်ပါဘူး။ ရေစိုခံနိုင်မှု မရှိသလို Wireless အားသွင်းစနစ်လည်း ထောက်ပံ့ ပါဝင်ခြင်း မရှိပါဘူး။ Ultrawide နဲ့ zoom ကင်မရာက 30fps ဗီဒီယို 1080p အရည်အသွေးနဲ့ပဲ ရိုက်ကူးနိုင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ အမြန်နှုန်း 2.9GHz ရှိတဲ့ Qualcomm SM8150 Snapdragon 855+ (7 nm) Octa-core processor ကို အသုံးပြုထားပြီး RAM 6 GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ရှိပါတယ်။ ကမ္ဘာ့ပထမဆုံးလို့ ပြောလို့ရတဲ့ UFS 3.0 storage နည်းပညာ ထောက်ပံ့ပါဝင်တဲ့အတွက် အချက်အလက်ကူးပြောင်းမှုက extranal ကတ်တွေထက် 20x ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းတွင်း လုပ်ဆောင်ချက်တွေ အသုံးပြုရတာ ချောမွေ့မြန်ဆန် ကောင်းမွန်လှပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 640 (700 MHz) ထောက်ပံ့ပါဝင်ပြီး ဒီဖုန်းမှာ OS အနေနဲ့ Android 10 အခြေပြု OxygenOS 10.0.4 ကို ထည့်သွင်းထားပါတယ်။ Under-display လက်ဗွေစနစ်က မြန်ဆန်မှုရှိပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Galaxy S10 Plus လိုမျိုး ရှေ့မျက်နှာပြင်က Curved edges ထောင့်ကွေးဒီဇိုင်းကိုယ်ထည်က ကျစ်လျစ်တောင့်တင်းမှုရှိသလို S10 Plus ထက် အနည်းငယ်ကြီးမားပြီး အနည်းငယ်ရှည်လျားပါတယ်။ ပါးလွှာမှုရှိကာ ကျောဘက်မျက်နှာပြင်ကို Gorilla Glass 5 ဖန်သား နှစ်ထပ်ဖုံးအုပ်ထားတယ်လို့ဆိုပါတယ်။ ဖုန်းသံကို အလွယ်တကူ ပိတ်နိုင်မယ့် ခလုတ်ကိုတော့ ဖုန်းရဲ့ ညာဘက်ဘောင် ပါဝါခလုတ်အပေါ်မှာ တပ်ဆင်ထားပြီး ဘယ်ဘက်မှာတော့ အသံအတိုးအကျယ်ခလုတ် ရှိပါတယ်။ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက် တော့ မပါဝင်ပါဘူး။ အားသွင်းပေါက်ကတော့ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲမှာ စပီကာဘေးမှာတပ်ဆင်ထားပြီး Type-C အမျိုးအစား ဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစား ၆.၆၇ လက်မရှိတဲ့ HDR10+ Fluid AMOLED Display က notch မပါဝင်တဲ့အတွက် မျက်နှာပြင်က 90Hz refresh rate အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1440×3120 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ notch မပါဝင်တဲ့အတွက် ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-touch pnael ratio က ၈၈.၁ ရာခိုင်နှုန်း ရှိပါတယ်။ ၂ဝ၆ ဂရမ် အလေးချိန်က ကိုင်ရတာ အနည်းငယ်လေးလံတယ်လို့ ခံစားရမှာဖြစ်သလို ကြီးမားတဲ့ ကိုယ်ထည်က လက်တစ်ဖတ်တည်းနဲ့ ကိုင်တွယ်အသုံးပြုဖို့အတွက် အနည်းငယ်ကြီးတယ်လို့ ခံစားရပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာစနစ်မှာ apeature f/1.6 ရှိတဲ့ 48MP အမျိုးအစား မြင်ကွင်းကျယ် Wide-angle ကင်မရာတစ်လုံး၊ apeature f/2.4 ရှိတဲ့ 8 MP အမျိုးအစား 3x telephoto ကင်မရာတစ်လုံး၊ apeature f/2.2 ရှိတဲ့ 16 MP အမျိုးအစား ultra-wide ကင်မရာတစ်လုံး စုစုပေါင်း ၃ လုံးပါဝင်ပြီး ရှေ့ဘက်ကတော့ apeature f/2.0 ရှိတဲ့ 16 MP အမျိုးအစား wide selfie ကင်မရာကို Pop-up ပုံစံနဲ့ အသုံးပြု ရမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာစနစ်မှာ Dual PDAF, Dual OIS, Dual LED Flash, Dual Laser AF စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ကျောဘက် ultra-wide ကင်မရာက ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ OnePlus 7T ထက် ပိုမို မြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ညပိုင်းရိုက်ကူးမှုတွေ ကောင်းမွန်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဘက်ထရီ

4085 mAh ပမာဏ ဘက်ထရီက Full HD ရုပ်ထွက်အရည်အသွေးနဲ့ ပုံမှန်အသုံးပြုမှုကို တစ်ရက်ကျော်ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းမြန်ဆန်တဲ့ 30W Warp Charge နည်းပညာ ထောက်ပံ့ပါဝင်ပြီး ဘက်ထရီအား ၆၀ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်းမှာ သွင်းနိုင်မှာဖြစ်သလို ဖုန်းဘက်ထရီကို ၆၉ မိနစ် အချိန်အတွင်းမှာ ၁ဝဝ ရာခိုင်နှုန်း အပြည့်သွင်းပေးနိုင်ပါတယ်။ OnePlus 7 Pro က အားအပြည့်သွင်းဖို့ ၈၅ မိနစ် ကြာခဲ့ပြီး OnePlus 7T Pro မှာ 7 Pro ထက် အားသွင်းနိုင်တဲ့ အမြန်နှုန်းက ပိုမြန်လာတယ် လို့ဆိုရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

OnePLus 7T Pro က OnePlus 7 Pro ကို အဆင့်မြှင့်တင်မှု upgrade အနည်းငယ်ပြုလုပ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပေမယ့်လည်း ပေးရတဲ့ဈေးနဲ့ သုံးရတာတန်တယ်လို့ ခံစားရမယ့် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ High-refresh-rate-screen နဲ့ နောက်ဆုံးထွက် Snapdragon processor ကို အသုံးပြုထားတွေနဲ့ ကောင်းမွန်တဲ့ ကင်မရာ (triple-camera) စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

90Hz high-res Fluid AMOLED နဲ့ မြန်ဆန်ကောင်းမွန်တဲ့ overall စွမ်းဆောင်ရည်တွေအပြင် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေအပြင် စတူဒီယိုစပီကာတွေ ကျယ်လောင် ကောင်းမွန်တာတွေက ကျေနပ်စရာပါ။ ရေစိုခံနိုင်မှု၊ ကြိုးမဲ့အားသွင်းနိုင်မှုနဲ့ microSD ထပ်စိုက်စရာ slot မပါဝင်တာတွေက လွဲရင် သူ့မှာသုံးထားတဲ့ လက်ဗွေစနစ် ကလည်း မြန်ဆန်သလို ထွက်ရှိပြီးသား flagship တွေ ဖြစ်တဲ့ Google Pixel 4XL, Samsung Galaxy Note 10, Note 10 Plus, Huawei Mate 30 Pro နဲ့ ယှဉ်ရင် ဈေးကလည်း သက်သာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ OP 7T Pro က တစ်ခြား flagship တွေလိုမျိုး ဈေးကြီးသေးတယ်လို့ ထင်မယ်၊ notch ပါတာနဲ့ 3x zoom မဟုတ်ဘဲ 2x zoom နဲ့လည်း အဆင်ပြေတယ်ဆိုရင်တော့ OP 7T Pro ထက် ဈေးအများကြီး ပိုသက်သာတဲ့ OP 7T ကို ရွေးချယ်သင့်ပါတယ်။

GSM LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display Fluid AMOLED capacitive touchscreen, 6.67 inches (19.5:9 ratio)
OS Android 10; OxygenOS 10.0.4
CPU Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485)
GPU Adreno 640 (700 MHz)
Camera 48 MP (f/1.6) wide, 8 MP (f/2.4) telephoto, 16 MP (f/2.2) ultrawide, Dual PDAF, Dual OIS, Dual AF, Dual-LED dual-tone flash, HDR, panorama; Front Pop-up 16MP (f/2.0) wide
Internal 256 GB; RAM 12 GB; no microSD slot
Battery Non-removable Li-Po 4085 mAh
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Fingerprint (under display), USB On-The-Go, 30W (Warp)Fast Battery Charging
Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း