OnePlus 7T Pro ရဲ့ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်

OnePlus ဟာစက်တင်ဘာလ ၂၆ ရက် အိန္ဒိယမှာပြုလုပ်မယ့်ပွဲ မှာ OnePLus 7T နဲ့ OnePlus ZT Pro နဲ့အတူ OnePlus TV ကို မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ OnePlus 7T ထုတ်ကုန်ရဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး OnePlus 7 နဲ့ကွာခြားမှုမရှိပါဘူး။ OnePlus 7T မှာ အဆင့်မြှင့်တင်ထားတဲ့ ကျောဘက်ကင်မရာနဲ့ 90Hz ရုပ်ထွက်အရည်အသွေးမြင့် မျက်နှာပြင်တို့ပါဝင်လာပါတယ်။

အခုဆိုရင် OnePlus 7T Pro အတွက် CAD အခြေခံဆွဲထားတဲ့ သရုပ်ဖော်ပုံတွေထွက်လာပါတယ်။ ဒါ့အပြင် Mclaren Editon 7T Pro လည်းထွက်ရှိမယ်လို့ သိရပါတယ်။ 7T Pro ဟာ အရောင်၊ လိမ္မော်အရောင်အပြင် ဒီဇိုင်းပိုင်းရော 7 Pro နဲ့ဆင်ပါတယ်။

OnePlus 7T Pro က OnePlus 7 Pro အတိုင်းတူညီတာတွေ့ရပြီး ကျောဘက်ကင်မရာ ပုံစံပြောင်းလဲထားသလို အရည်အသွေးမြင့်မျက်နှာပြင် notch လည်းပိုမိုသေးငယ်ပါတယ်။

OnePlus 7T Pro မှာ Snapdragon 855+ chipset ကိုအသုံးပြုထားဖွယ်ရှိပြီး ဘက်ထရီကတော့ 4,080mAh ပါဝင်လာနိုင်ပါတယ်။

OnePlus 7T ဖုန်းတွေမှာ ကင်မရာအတွက် macro mode အသစ်ဖြစ်တဲ့ ဗီဒီယိုရိုက်ကူးမှုအတွက် HEVC ထောက်ပံ့မှု၊ Hybrid Image Stabilization အရာနဲ့ Warp Charge “30T” တို့ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena