
OnePlus ဟာ စက်တင်ဘာ ၂၆ ရက်မှာ မိတ်ဆက်မယ့် OnePlus 7T ဒီဇိုင်းကို ပွဲမတိုင်မီ ဓာတ်ပုံတွေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။
OnePlus 7T ထုတ်ကုန်သစ်ဒီဇိုင်းဟာ ပထမဆုံး OnePlus One ဖုန်းထွက်ရှိပြီးနောက်ပိုင်း ဒီဇိုင်းပိုင်းကို ပိုမိုအားထုတ်လုပ်ကိုင်ထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံအရ OnePlus 7T ဟာ OnePlus 7 မှာအသုံးပြုထားတဲ့ ကင်မရာအဝိုင်းဒီဇိုင်းကို ရယူထားပြီး ကင်မရာသစ် ၃ လုံးကို ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးမှာ 17, 26 နဲ့ 51mm focal length ပါဝင်တဲ့ lens တွေပါဝင်ပြီး LED flash လည်းပါဝင်လာပါတယ်။
ဖုန်းရဲ့ကျောဘက်မှာ OnePlus 7 Pro လိုမျိုး matte frost မှန်ထည်ကို အသုံးပြုထားပါတယ်။ ကျောဘက်က 7 Pro က Nebul Blue finish နဲ့မတူဘဲ အလင်းပြန်တဲ့ပုံစံ ထူးခြားပါတယ်။
စိုးထက်
Ref: GSMArena