OnePlus 6 ရဲ႕ Shelf ကို ဘယ္လို Customize လုပ္ၿပီးသုံးမလဲ

[ Zawgyi ]

OnePlus6 ရဲ႕ OxygenOS မွာ အဓိကေဆာ့ဖ္၀ဲလုပ္ေဆာင္ခ်က္ တစ္ခုျဖစ္တဲ့ Shelf ကို မိမိစိတ္ ႀကိဳက္ Customize လုပ္ၿပီး အသုံး ျပဳႏုိင္ပါတယ္။ Shelf ဆိုတာေတာ့ Widgets ေတြကို စုစည္းထားၿပီး အလြယ္တကူနဲ႔ ျမန္ျမန္ဆန္ဆန္ အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။

OnePlus6 ရဲ႕ Launcher စနစ္မွာ ျမင္ကြင္းရဲ႕ Home screen ကို ဘယ္ဘက္ ကေနညာဘက္ကို ပြတ္ဆြဲလိုက္ရင္ေတာ့ Shelf စနစ္ေပၚလာမွာျဖစ္ပါတယ္။ ဒါက ေတာ့ ပုံမွန္အေပၚကေန ေအာက္ ကိုဆြဲခ်တာမ်ဳိးကေန ခြဲထက္တဲ့ ပုံစံမ်ဳိးျဖစ္ပါတယ္။

အဲလိုဆြဲလိုက္ရင္ေတာ့ ေအာက္က ပုံအတုိင္းေပၚလာမွာ ျဖစ္ၿပီး မိမိအေနနဲ႔ ဘယ္ Widget ကို မဆိုမိမိစိတ္ႀကိဳက္ေရြ႕ေျပာင္း ဖို႔အတြက္ စကၠန႔္အနည္းငယ္ခန္႔ ဖိထားၿပီး ေနရာေရြ႕ေျပာင္းတာေတြ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

ၿပီးရင္ေတာ့ ပုံမွာျပထားတဲ့ အျဖဴေရာင္အ၀ိုင္ေလးကို ဖိဆြဲၿပီး Widget ရဲ႕ အရြယ္အစားကို မိမိစိတ္ႀကိဳက္ ေျပာင္းလို႔ရမွာ ျဖစ္ပါတယ္။

မိမိအေနနဲ႔ Widget ကို Shelf ကေန ဖယ္ရွားခ်င္တယ္ဆိုရင္ ေတာ့ အနီေရာင္( × ) သေကၤတကို ႏွိပ္လုိက္ပါ။

ေနာက္တစ္ခု မိမိအေနနဲ႔ စိတ္ႀကိဳက္ Widget အသစ္တစ္ခုကို ထပ္မံထည့္သြင္း ခ်င္တယ္ဆိုရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္ ေအာက္ေထာင့္နားက ( + ) သေကၤတအဝိုင္းေလးကို တစ္ခ်က္ႏွိပ္ၿပီး ထည့္သြင္းႏုိင္ပါတယ္။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာ ျဖစ္ၿပီး Widget ကို ထပ္ႏွိပ္ကာ မိမိ အေနနဲ႔ Shelf မွာ ထည္ထားခ်င္တဲ့ Widget ကို ေရြးခ်ယ္ေပးလိုက္႐ုံပဲ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ OnePlus6 ရဲ႕ Shelf ကုိ မိမိစိတ္ႀကိဳက္ Customize လုပ္ၿပီး သုံးႏုိင္ၿပီလုိ႔ ထင္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

OnePlus6 ရဲ့ OxygenOS မှာ အဓိကဆော့ဖ်ဝဲလုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့ Shelf ကို မိမိစိတ် ကြိုက် Customize လုပ်ပြီး အသုံး ပြုနိုင်ပါတယ်။ Shelf ဆိုတာတော့ Widgets တွေကို စုစည်းထားပြီး အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

OnePlus6 ရဲ့ Launcher စနစ်မှာ မြင်ကွင်းရဲ့ Home screen ကို ဘယ်ဘက် ကနေညာဘက်ကို ပွတ်ဆွဲလိုက်ရင်တော့ Shelf စနစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါက တော့ ပုံမှန်အပေါ်ကနေ အောက် ကိုဆွဲချတာမျိုးကနေ ခွဲထက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

အဲလိုဆွဲလိုက်ရင်တော့ အောက်က ပုံအတိုင်းပေါ်လာမှာ ဖြစ်ပြီး မိမိအနေနဲ့ ဘယ် Widget ကို မဆိုမိမိစိတ်ကြိုက်ရွေ့ပြောင်း ဖို့အတွက် စက္ကန့်အနည်းငယ်ခန့် ဖိထားပြီး နေရာရွေ့ပြောင်းတာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပြီးရင်တော့ ပုံမှာပြထားတဲ့ အဖြူရောင်အဝိုင်လေးကို ဖိဆွဲပြီး Widget ရဲ့ အရွယ်အစားကို မိမိစိတ်ကြိုက် ပြောင်းလို့ရမှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ Widget ကို Shelf ကနေ ဖယ်ရှားချင်တယ်ဆိုရင် တော့ အနီရောင်( × ) သင်္ကေတကို နှိပ်လိုက်ပါ။

နောက်တစ်ခု မိမိအနေနဲ့ စိတ်ကြိုက် Widget အသစ်တစ်ခုကို ထပ်မံထည့်သွင်း ချင်တယ်ဆိုရင်တော့ မြင်ကွင်းရဲ့ ညာဘက် အောက်ထောင့်နားက ( + ) သင်္ကေတအဝိုင်းလေးကို တစ်ချက်နှိပ်ပြီး ထည့်သွင်းနိုင်ပါတယ်။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာ ဖြစ်ပြီး Widget ကို ထပ်နှိပ်ကာ မိမိ အနေနဲ့ Shelf မှာ ထည်ထားချင်တဲ့ Widget ကို ရွေးချယ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ OnePlus6 ရဲ့ Shelf ကို မိမိစိတ်ကြိုက် Customize လုပ်ပြီး သုံးနိုင်ပြီလို့ ထင်ပါတယ်။

-ရဲထွဋ်ဝင်း