OnePlus လိုဂို ဒီဇိုင်းသစ် ထွက်ပေါ်

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း OnePlus ဟာ မူလ အနီ/အဖြူအရောင်၊ font နဲ့ လိုဂိုကို အသုံးပြုနေပါတယ်။ အခုတစ်ပတ်အတွင်း OnePlus အမှတ်တံဆိပ်ကို ပြောင်းလဲသွားမယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပီတီလူက ပြောထားပါတယ်။

OnePlus community ဖိုရမ်တွေထဲမှာ ဖော်ပြထားတဲ့ post တစ်ခုမှာ မတ် ၁၈ ရက်မှာ လိုဂိုသစ်ကို ကြေညာမယ်လို့ ပီတီလူက ထုတ်ပြန်ထားပါတယ်။ OnePlus အမှတ်တံဆိပ်ကို ဘယ်လိုပြောင်းလဲမလဲဆိုတာ မပြောခဲ့ပါဘူး။

ဒါပေမဲ့ အခုအခါမှာတော့ ကုမ္ပဏီရဲ့ font နဲ့ လိုဂိုတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ OnePlus ရဲ့ font ပုံစံက ထူးခြားပေမယ့် လိုဂိုကတော့ ကြီးကြီးမားမား ပြောင်းလဲထားတာ မရှိပါဘူး။

စိုးထက်
Ref: AndroidAuthority