OnePlus မျိုးဆက်သစ်ဖုန်းတွေမှာ 120Hz မျက်နှာပြင် ပါဝင်လာမည်

OnePlus မျိုးဆက်သစ်ဖုန်းတွေမှာ refresh rate 120Hz နှုန်းရှိတဲ့ မျက်နှာပြင်ပါဝင်လာမယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ပီတာလူက CES ပွဲမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီမျက်နှာပြင်ဟာ OnePlus 8 မှာပါဝင်လာဖွယ်ရှိပါတယ်။

OnePlus ဟာ Samsung နဲ့ပူးပေါင်းပြီး OLED မျက်နှာပြင်တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်း လှုပ်ရှားမှုကို တိုးတက်အောင် Android ပေါ်မှာ ဆောင်ရွက်နေတာကြောင့် 120Hz မျက်နှာပြင် ရုပ်ပုံတွေ ပိုမိုချောမွေ့လာမှာ ဖြစ်ပါတယ်။OnePlus ဟာ လှုပ်ရှားမှုပိုင်းအတွက် အထူးပြုလုပ်ထားတဲ့ MEMC ချစ်ပ်ကို အသုံးပြုပြီး 120Hz အထိရောက်စေဖို့ ဗီဒီယိုထဲ frame အပိုတွေ ထည့်သွင်းနိုင်ပါတယ်။ OnePlus ရဲ့ 120Hz မျက်နှာပြင်က HDR content ကိုကြည့်ရှုတဲ့အခါ 1000 nits ရှိလာပြီး 10-bit အရောင်ထောက်ပံ့ပေးနိုင်ပါတယ်။

OnePlus 8 ဟာ 120Hz ပါဝင်လာမယ့် ပထမဆုံးဖုန်း မဟုတ်ပါဘူး။ ROG Phone 2 နဲ့ Razer Phone 2 တို့မှာလည်း 120Hz မျက်နှာပြင် ပါဝင်ခဲ့ပါတယ်။ Samsung ရဲ့ Galaxy S စီးရီးတွေမှာလည်း 120Hz refresh rate ပါဝင်လာဖွယ်ရှိနေပါတယ်။

စိုးထက်
Ref: TheVerge