OnePlus တွဲဖက်တည်ထောင်သူ ကားလ်ပိုင် မိတ်ဆက်မယ့် ကုမ္ပဏီအသစ်

OnePlus စမတ်ဖုန်းကုမ္ပဏီကို တွဲဖက်တည်ထောင်သူ ကားလ်ပိုင်ကတော့ လာမယ့်အပတ် ဇန်နဝါရီ ၂၇ ရက်မှာ အသံပိုင်းဆိုင်ရာ အမှတ်တံဆိပ်သစ်ကို မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ ကားလ်ပိုင်ကတော့ OnePlus ကုမ္ပဏီက ထွက်ခွာပြီးနောက် အမှတ်တံဆိပ်သစ် မိတ်ဆက်မယ့်အကြောင်း ဝေမျှခဲ့ပေမယ့် အသေးစိတ်တော့ မပြောသွားပါဘူး။

အခု ကုမ္ပဏီသစ်ကတော့ အသံပိုင်းဆိုင်ရာနည်းစနစ်နဲ့ ဆက်စပ်ပြီး လာမယ့်နှစ်အတွင်း hardware ထုတ်ကုန်တွေ ထုတ်လုပ်မယ်လို့ ကားလ်ပိုင်က Wired မှ ပြောခဲ့ပါတယ်။ OnePlus အမှုဆောင်ဟောင်းဖြစ်သူ ကားလ်ပိုင်ကတော့ အခုလုပ်ငန်းသစ်က နားကြပ်ထုတ်လုပ်တာထက် ပိုမယ်လို့ ပြောခဲ့ပါတယ်။ ကုမ္ပဏီရုံးချုပ်ကတော့ လန်ဒန်မှာပဲ အခြေစိုက်သွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီသစ်အတွက် ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ ၇ သန်း ရရှိထားတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေထဲမှာ Apple ဒုဥက္ကဋ္ဌ တိုနီဖတ်ဒယ်၊ reddit တွဲဖက်တည်ထောင်သူ စတိဗ်ဟပ်ဖ်မန်း၊ YouTuber ဖြစ်သူ ကေစီနေစတက်နဲ့ Twitch တွဲဖက်တည်ထောင်သူ ကယ်ဗင်လင်းတို့ ပါဝင်ပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««