OnePlus တည်ထောင်သူတစ်ဦး ကားပေကုမ္ပဏီမှ နုတ်ထွက်

OnePlus စမတ်ဖုန်းကုမ္ပဏီ တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ကားပေဟာ ကုမ္ပဏီကနေ နုတ်ထွက်သွားပါတယ်။

ကားပေဟာ OnePlus တည်ထောင်ပြီး ၇ နှစ်အကြာ ကိုယ်ပိုင် venture ကုမ္ပဏီတည်ထောင်ဖို့ ထွက်ခွာသွးတာ ဖြစ်ပါတယ်။ ကုမ္ပဏီအတွင်းက ထွက်လာတဲ့ မှတ်တမ်းအရ ကားပေဟာ ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှု အစီအစဉ်မှာ မပါတော့ပါဘူး။ OnePlus Nord ဖုန်းအကြီးအကဲအဖြစ် အိန္ဒိယက OnePlus လုပ်ငန်းအကြီးအကဲ အင်မလီဒိုင်က အစားဝင်လာပါမယ်။

ကားပေဟာ ဖုန်းဖန်တီးတဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းကားမှာ အဖွဲ့ကို ဦးဆောင်သူအဖြစ် သိသာစေပါတယ်။ အိန္ဒိယအတွင်း OnePlus ကုမ္ပဏီ တည်ထောင်၊ ဖွံ့ဖြိုးမှုမှာလည်း ကားပေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

-စိုးထက်
Ref: TheNextWeb

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««