Onepay နှင့် TrueMoney တို့ပူးပေါင်း

Onepay အနေနဲ့ အသုံးပြုသူတွေ ပိုမိုလွယ်ကူ အဆင်ပြေစွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး TrueMoney မြန်မာနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းရှိ ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်မယ့် နေရာတွေကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

Onepay နဲ့ TrueMoney ပူးပေါင်းမှုကြောင့် TrueMoney ကိုယ်စားလှယ်ဆိုင်တွေမှာ တစ်နေ့လျှင် အများဆုံး ကျပ် ၅၀၀,၀၀၀ အထိ ငွေသွင်း/ ငွေထုတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့် ဝန်ဆောင်မှုမှာ Onepay အသုံးပြုသူတွေ အနေနဲ့ ငွေသွင်းခြင်း ကိုပြုလုပ်နိုင်ပြီး မကြာခင် မြှင့်တင်ပေးမယ့် ဒုတိယအဆင့်ဝန်ဆောင်မှုမှာ ငွေထုတ်ခြင်းကိုပါ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိတွင် ငွေဖြည့်ခြင်းနဲ့ ငွေထုတ်ယူခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍ သော်လည်းကောင်း၊ eCommerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်ရဲ့ MPU ကတ်မဆိုကို အသုံးပြု၍သော်လည်းကောင်း၊ Visa သို့မဟုတ် MasterCard များကို အသုံးပြု၍သော်လည်းကောင်း၊ 123 ဝန်ဆောင်မှုရတဲ့ဆိုင်တွေနဲ့ Onepay ရဲ့ တရားဝင်ကိုယ်စားလှယ်ဆိုင်များတွင်သော်လည်းကောင်း၊ ဘဏ်အချင်းချင်းကြားငွေလွှဲတဲ့ ဝန်ဆောင်မှု (Interbank Service) ကိုအသုံးပြု၍သော်လည်းကောင်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««