One Plus 8 Pro

Price : 1,115,000 Ks (8/128GB)

အားသာချက်

HDR 10+ ထောက်ပံ့ပါဝင်တဲ့ 120Hz display ၊ အထင်ကြီးစရာကောင်းလောက်အောင် မြန်ဆန်တဲ့ 30W အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်၊ 5G စနစ်ထောက်ပံ့ပါဝင်မှု၊ ဆွဲဆောင်မှုရှိတဲ့ ဒေါင်လိုက်ကင်မရာစတိုင်နဲ့ ဘက်ထရီနဲ့အချိန်ကြာကြာအသုံးပြုနိုင်မှုတွေက ဒီဖုန်းရဲ့ အားသာချက်လို့ ပြောရမှာပါ။

အားနည်းချက်

ထွက်ခဲ့သမျှ OnePlus မော်ဒယ်တွေထဲမှာ ဈေးအကြီးဆုံးလို့ဆိုနိုင်သလို သိုလှောင်မှုစနစ်အတွက် microSD slot ထောက်ပံ့ပါဝင်မှုမရှိတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

· Qualcomm Snapdragon 865 (7 nm+) CPU · X55 5G modem
· Andreno 650 · 8GB RAM
· 128GB; no card slot · Wi-Fi 6, Bluetooth 5.1
· Dolby Atmos stereo speakers

Qualcomm ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Snapdragon 865 CPU ကို သုံးထားပြီး RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 128GB ရှိမှာဖြစ်ပါတယ်။ 5G စနစ်ထောက်ပံ့ပါဝင်သလို Qualcomm X55 5G modem ထည့်သွင်းပေးထားတဲ့အတွက် Super-fast-internet speeds နဲ့ အင်တာနက်အသုံးပြုတာကို စူပါအမြန်နှုန်းမျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ LPDDR5 RAM ကို သုံးထားတာဖြစ်လို့ OnePlus 7T စီးရီးက် ၃၀ ရာခိုင်နှုန်းပိုမြန်သလို ပါဝါသုံးစွဲမှု ၂၀ ရာခိုင်နှုန်းပိုမိုလျော့နည်းမှာဖြစ်ပါတယ်။ Geekbench 5.1 ရဲ့ Multi-core ရမှတ် ၃၃၀၅ ရှိပြီး ဒီရမှတ်က ပုံမှန်ရှိသင့်တဲ့ ရမှတ် ၂၅၆၄ ထက်ပိုမိုတဲ့ရမှတ်ဖြစ်သလို OnePlus 7T Pro ရမှတ်ထက် ပိုများတဲ့ ပမာဏလို့ဆိုရမှာပါ။ ဖုန်းနဲ့ဂိမ်းကစားသူတွေ အကြိုက်ဖြစ်မယ့် အချက်ကတော့ ဒီဖုန်းက ဘယ်ဂိမ်းမဆို အဆင်ပြေပြေဆော့ကစားနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ Android 10 ပေါ်အခြေခံထားတဲ့ Oxygen OS မှာ မိမိစိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင် တဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာတာကျေနပ်စရာပါ။ Dolby Atmos နည်းပညာထောက်ပံ့ပါဝင်ပြီး အသံထွက်ပိုင်းက စတူဒီယိုသံ အပြည့်အဝကို ပုံမှန်သာမကဘဲ နားကြပ်နဲ့ အသုံးပြုတာတွေမှာပါ ပြည့်ပြည့်ဝဝ ခံစားနားဆင်နိုင်တာ ကျေနပ်စရာပါ။ Wi-Fi 6 နဲ့ Bluethooth 5.1 စနစ်တွေ ထောက်ပံ့ပါဝင်တာကလည်း ကြိုးမဲ့ချိတ်ဆက်အသုံးပြုမျိုးတွေကို မြန်ဆန်စွာ၊ ပါဝါသုံးစွဲမှု နည်းနည်းနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

· IP68 (dust/water resistant) · 6.78 inches Fluid display (HDR10+)
· Gorilla Glass 5 (back & front) · 19.8:9 aspect ratio
· Fingerprint (under display, optical) · 199g

OnePlus 8 Pro ဒီဇိုင်းကတော့ မြင်လိုက်တာနဲ့ high-end ဖုန်းတစ်လုံးဆိုတာကို သိသာစေတဲ့ အသွင်အပြင်အပြည့်ရှိတဲ့ ဖုန်းတစ်လုံးပါ။ ရှေ့နောက်မျက်နှာပြင်ထောင့်ကွေး၊ အလူမီနီယံကိုယ်ထည်ကို Gorilla Glass 5 နဲ့ ရှေ့နောက်အပြည့်ကာကွယ်ထားတာက ကိုင်ရတာ လက်ထဲမှာ အံ့ဝင်ခွင်ကျရှိလှသလို ပရီမီဆန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖန်သားနဲ့ရှေ့နောက်ဖုံးအုပ်ကာကွယ်ထားတာ ကောင်းပေမယ့် တစ်ခါတစ်ရံဖုန်းမှာ လက်ရာထင်တာနဲ့ မတော်တဆလက်ကနေ လျောပြီး ပြုတ်ကျတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ထည်ဒီဇိုင်းက 7 Pro နဲ့ 7T Pro နဲ့ အများကြီးမကွာခြားလှဘူးလို့မြင်စရရှိပေမယ့် OnePlus 8 Pro မှာ Pop-up selfie မဟုတ်တော့ဘဲ Punch Hole selfie အနေနဲ့ မြင်ကွင်းထဲမှာ ရှေ့ကင်မရာကို ထည့်သွင်းထားတာတွေ့ရပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၇၈ လက်မရှိတဲ့ 120Hz Fluid Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1440×3168 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၉၀.၈ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 513ppi ရှိတဲ့အပြင် HDR10+ ထောက်ပံ့တဲ့အတွက် ရုပ်ထွက်ကာလာပိုင်း သဘာဝကျသလို ကြည်လင်တောက်ပမှုရှိ မှာဖြစ်ပါတယ်။ Display ကို 120Hz မှာ QHD+ အရည်အသွေးနဲ့ သုံးတာထက် Full HD+ နဲ့သုံးတာက အနည်းငယ်ပိုမြန်တယ်လို့ ခံစားရပါတယ်။

ကင်မရာ

· Standard: 48MP, f/1.8 (Wide) Omnidirecional PDAF,
Laser AF, OIS
· 48MP, f/2.2 (ultrawide), PDAF
· 5MP, f/2.4 (color filter) · 8MP, f/2.4 (3x optical telephoto) PDAF, OIS
· Punch-hole Selfie : 16MP, f/2.5 (wide) · Video : 4K resolution (30fps)
· Dual LED flash, gyro-EIS

OnePlus 8 Pro ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးကို ဒေါင်လိုက် သပ်သပ်ရပ်ရပ်နဲ့ Dual Flash မီးနဲ့ တွဲဖက်ဖန်တီးထားတာ သဘောကျစရာပါ။ 48MP ကင်မရာမှာ PDAF, OIS, EIS စနစ်တွေထောက်ပံ့ပါဝင်ပြီး 4K အရည်အသွေးဗီဒီယိုကို 30/60fps နဲ့ အမြင့်ဆုံးထားရှိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ultrawide ကင်မရာက ၁၁၉.၇ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး 8MP telephoto ကင်မရက Optical ကို 3x zoom နဲ့ ဒစ်ဂျစ်တယ်ကို 30x zoom ထိဆွဲယူရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 5MP depth ကင်မရာကတော့ ဆိုရှယ်မီဒီယာအတွက် ကာလာ filter နဲ့ ပုံတွေကို ရိုက်ကူးနိုင်အောင် အဓိကလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ရှေ့ကင်မရာကို မျက်နှာပြင်ထဲမှာ puch-hole အနေနဲ့ မြှုပ်ထည့်ထားပါတယ်။ ကင်မရာပိုင်းက 7 Pro နဲ့ 7T Pro ထက် အများကြီး ပိုမိုကောင်းမွန်လာပြီး သဘာဝကျတဲ့ ရုပ်ထွက်အရောင်အရည်အသွေးနဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုကို ရိုက်ကူးနိုင်တာ ကျေနပ်စရာပါ။ နေ့ပိုင်းရိုက်ကူးမှုသာမကဘဲ ညပိုင်းရိုက်ကူးမှုကလည်း ကောင်းမွန်လှပါတယ်။

ဘက်ထရီ

· Li-Po 4510 mAh · Warp Charge 30T Fast Charging
· 3.1, USB Type-C · Warp Charge 30 Wireless Charging
· Reverse wireless charging

ထွက်ခဲ့သမျှ OnePlus ဖုန်းတွေထဲမှာ ဘက်ထရီအရွယ်အစားအကြီမားတဲ့ ဖုန်းလို့ပြောလို့ရတဲ့ Li-Po 4510mAh ဘက်ထရီကို ထည့်သွင်းထားပြီး ဒီဘက်ထရီက Samsung Galaxy S20 Plus, Huawei P40 Pro နဲ့ iPhone 11 Pro ဖုန်းဘက်ထရီတွေထက် ဘက်ထရီပမာဏပိုများတဲ့ ဘက်ထရီလို့ဆိုရမှာပါ။ ဘက်ထရီစနစ်မှာ အဆင့်မြှင့်တင်ထားတဲ့ Warp Charge 30T ဆိုတဲ့ မြန်ဆန်တဲ့အားသွင်းစနစ်နဲ့ Warp Charge 30 လို့ခေါ်တဲ့ ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်လာပါတယ်။ Warp Charge 30T က အရွယ်အစားကြီးတဲ့ ဘက်ထရီ ၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို မိနစ် ၃၀ လောက်နဲ့ အားသွင်းပေးနိုင်သလို Warp Charge 30 ကြိုးမဲ့အားသွင်းစနစ်ကလည်း ၁ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို မိနစ် ၃၀ လောက်နဲ့ သွင်းပေးနိုင်တာ အထင်ကြီးစရာကောင်းလောက်အောင် မြန်ဆန်တဲ့ စူပါအမြန်နှုန်းလို့ ဆိုရမှာပါ။ အားအပြည့်သွင်းထားရုံနဲ့ ဂိမ်းကစားတာ၊ ဗီဒီယိုကြည့်တာ၊ ဗီဒီယိုဖုန်းခေါ်တာ၊ ဓာတ်ဖမ်းတာနဲ့ ဆိုရှယ်မီဒီယာ စိတ်ကြိုက်အသုံးပြုတာတွေကို တစ်ရက်ကျော်ကြာ ကောင်းကောင်းအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

သုံးသပ်ချက်

OnePlus က ဈေးနှုန်းသင့်တင်မျှတတဲ့ flagships ဖုန်းတွေကို နှစ်တိုင်းထုတ်လုပ်လေ့ရှိပေမယ့် ဒီဖုန်းကတော့ ပြိုင်ဘက်ဖုန်းတွေလိုမျိုးပဲ ဈေးနှုန်းက ဈေးကြီးတယ်လို့ခံစားရစေမှာပါ။ ပရီမီယံ high-end ဖုန်းတွေလိုမျိုး ဈေးကြီးတယ်လို့ ထင်ရပေမယ့် Samsung, Apple, Huawei စတဲ့ ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ ပရီမီယံ high-end ဖုန်းတွေထက်တော့ ဈေးသက်သာနေသေးတယ်လို့ဆိုရမှာပါ။ 120Hz, QHD display, 5G စနစ်၊ ရေစိုခံစနစ်၊ နောက်ဆုံးပေါ် ကြိုးမဲ့စနစ်၊ မြန်ဆန်တဲ့ အားသွင်းစနစ်နဲ့ အခြားထိပ်တန်း high-end ပရီမီယံဖုန်းတွေမှာပါတဲ့ လုပ်ဆောင်ချက်တွေ စုံလင်စွာပါဝင်လာတဲ့ OnePlus 8 Pro ဖုန်းက ဖုန်းနဲ့ ဂိမ်းကစားရတာ ဗီဒီယိုကြည့်တာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးတာကို နှစ်သက်သူတွေကတော့ စွယ်စုံအသုံးပြုနိုင်တဲ့ ထိပ်တန်းအရည်အသွေးမြင့် ဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။

Display
Performance
Camera
Battery
Hand On
Over all

-ရဲထွဋ်ဝင်း