[Zawgyi]
[Unicode]
လက်ဝှေ့ပွဲစဉ်တွေနဲ့ လက်ဝှေ့သမားတွေအကြောင်းကြည့်နိုင်မယ့် One Championship မိုဘိုင်း Application စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
One Championship ရဲ့ ပြသမယ့်လက်ဝှေ့ပွဲစဉ်အချိန်တွေပါ၀င်သလို လက်ဝှေ့သမားတွေ ရဲ့ အကြောင်းတွေ၊ ပွဲစဉ်ဟောင်းထိုးသတ်မှုတွေကိုပြန်လည်ကြည်ရှု့နိုင်ပါတယ်။ အဲ့ဒါအပြင် မိမိနှစ်သက်တဲ့ ကစားသမားတွေထိုးသတ်ထားတဲ့ ပွဲစဉ်ဟောင်းတွေကိုလည်းကြည့်နိုင်မှာဖြစ်ပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးပေါ်မှာအသုံးပြုနိုင်မှာဖြစ်ကာ Android အတွက် 37.43 MB ဖြင့် Google Play ပေါ်မှာလည်းကောင်း Apple App Store မှာ 105.8 MB ဖြင့် အခမဲ့ Download လုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။