Onda V10 Pro

တန်ဖိုး – ကန်ဒေါ်လာ ၁၉၇.၉၉

အားသာချက်

ဈေးနှုန်းချိုသာတဲ့ tablet ကို ရှာဖွေနေသူတွေအတွက်တော့ စိတ်ဝင်စားလောက်မယ့် tablet အမျိုးအစာတစ်ခုပါ။ Screen အရွယ်အစားကြီးမားပြီး screen resolution ကလည်းပေးထား တဲ့ဈေးနှုန်းနဲ့ တန်အောင် ကောင်းမွန်ပါတယ်။ PC လို သုံးစွဲချင်သူတွေအတွက် magnetic keyboard ကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။

အားနည်းချက်

Budget ဘက်ကို ဦးတည် ထားတဲ့အတွက် perfo-rmance ပိုင်းကတော့အရမ်းကြီး မြန်ဆန်တာကိုတော့တွေ့ရမှာ မဟုတ်ပါဘူး။ Magnetic keyboard တပ်ဆင်အသုံးပြုနိုင် ပေမယ့် ထပ်မံ ဝယ်ယူရမှာပါ။

အသေးစိတ်ဖော်ပြချက်

MediaTek MTK8173 chip ကို အသုံးပြုထားတဲ့ Quad-core processor ဖြစ်ပါတယ်။ RAM ကတော့ 4GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်း ဖို့အတွက် 32GB နဲ့ 64GB storage တွေကိုရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ Display အရွယ် အစားကတော့ ၁၀.၁ လက် မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 2560 x 1600 ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 6.0 (Marshmallow) ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ rear camera က 8 Megapixels ရှိမှာဖြစ်ပြီး front camera က 2 Megapixels ရှိမှာဖြစ်ပါတယ်။ Fingerprint scanner ပါဝင်မှာဖြစ်ပြီး Micro HDMI, Micro USB port တွေကိုလည်းထည့် သွင်းပေးထားပါတယ်။ ဘက်ထရီပိုင်းအတွက်ကိုတော့ Lithium- Polymer 6600mAh ကို ထည့်သွင်း အသုံးပြုထားပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««