Olympus Tough TG-6 Digital Camera

သာမန်ခရီးသွားကင်မရာတစ်လုံး အဖြစ် သာမက ရေအောက်ရိုတ်ကူးရေးနဲ့ micro ရိုက်ကူးရေး စတာတွေကို ပြုလုပ်နိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ Water, Crush, Shock proof မို့ ရေအောက် ပေ ၅၀ ထိ ယူဆောင်အသုံးပြုနိုင်သလို ၇ ပေ အမြင့်မှ ပြုတ်ကျတဲ့ ဒဏ်နဲ့ ပေါင် ၂၂၀ အထိ ဖိအားဒဏ်တို့ကိုလည်း ခံနိုင်ရည်ရှိတဲ့အပြင် ရေခဲရာသီဥတုဒဏ်တွေကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 12MP BSI CMOS Sensor ကို TruePic VIII Image Processor နဲ့ တွဲဖက်အသုံးပြုထားပြီး 25-100mm (35mm equivalent) Lens က Maximum aperture f/2-4.9 နဲ့တွဲလျက် ပါဝင်တာဖြစ်ပါတယ်။ ၃ လက်မအရွယ်အစား 1.04m-Dot LCD Monitor ပါဝင်ပြီး ဓာတ်ပုံအနေနဲ့ 20fps အထိ raw format နဲ့ရိုက်ကူးနိုင်သလို Video အနေနဲ့ 4K 30P နဲ့ Full HD ကို 120P အထိ ရိုက်ကူးနိုင်ပါတယ်။ ISO 100-1600 ပါဝင်ပြီး လိုအပ်ပါက 12800 အထိ တိုးမြှင့်ရိုက်ကူးနိုင်ပါတယ်။ Built-In flash လည်းပါဝင်ပါတယ်။

Built-In Wi-Fi, GPS, Field Sensor System တို့ ပါရှိတဲ့အတွက် မိမိရိုက်ကူးထားတဲ့ နေရာတွေကို မှတ်သားထားပေးမှာဖြစ်ပါတယ်။ WiFi နဲ့ ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ပုံနဲ့ ဗီဒီယိုတွေကို mobile phone အတွင်းသို့ ကူးယူသိမ်းဆည်းနိုင်မှာလည်း ဖြစ်ပါတယ်။ LI-92B Rechargeable Lithium-Ion ဘက်ထရီကို အသုံးပြုထားပြီး တစ်ခါအားပြည့်အောင်သွင်းထားရင် ရိုက်ချက်ပေါင်း ၃၄၀ အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၄၃၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Image Camera & Accessories Store ဖုန်း – ၀၉ ၂၅ ၃၆၃ ၆၆၉၉ နဲ့ ၀၉ ၇၉ ၅၂၇ ၀၃၉၉ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««