Olympus PEN E-PL10 Mirrorless Digital Camera with 14-42mm Lens

တန်ဘိုး USD 699$

အားသာချက်

17.4 x 13 mm အရွယ်ရှိ Live MOS Sensor အသုံးပြုထားပြီး TruePic VIII image Processor ထောက်ပံ့ပေးထားပါတယ်။ 16.1Megapixel ပါ၀င်ကာ ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီ ယိုကို DCI 4k ဆိုရင် 30fps အထိ ရိုက်ကူးနိုင်မှာပါ။ JPEG File အတွက် Up to 8.6 fps at 16.1 MP for up to 14 Frames မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ISO အနေနဲ့ Auto , 200 to 25600 (Extended: 100 to 25600) စွမ်းဆောင်နိုင်ပါတယ်။

၃ လက်မအရွယ်ရှိ 180 degree Titlting Touchscreen LCD ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် Micro-B (USB 2.0), HDMI D (Micro) တို့နဲ့ ချိတ်ဆက်နိုင်သလိုကြိုးမဲ့ဖြစ်တဲ့ Wi-Fi, BT စနစ်တွေကိုလည်း ထည့်သွင်းထောက်ပံ့ပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Manual Focus (M), Single-servo AF (S), Single-servo AF (S) စတာတွေရရှိနိုင်ပြီး Point အနေနဲ့ 121-Point All Cross-Type Phase-Detect AF တွေ ရရှိမှာဖြစ်ပါတယ်။ 14-42mm Lens တစ်ပါတည်း ပါ၀င်တဲ့အတွက် 35mm မြင်ကွင်းနဲ့ဆိုရင် 28-84 mm မြင်ကွင်းမျိုးရရှိမှာ ဖြစ်ပါတယ်။ ကိုယ်ထည်အရောင်ကို အဖြူရောင်၊ အနက်ရောင်နဲ့ အညိုရောင်ဆိုပြီး ရွေးချယ်နိုင်ပါတယ်။

အားနည်းချက်

ထွေထွေထူးထူး ပြောစရာသိပ်မရှိပေမယ့် ဘက်ထရီအပိုင်းမှာ mirrorless Camera တွေ သဘောတရားအတိုင်း အားနည်းပါတယ်။ Viewfinder အနေနဲ့လည်း ထောက်ပံ့ပေးထားမှုမရှိသလို အရင်မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ရင် fps နည်းပါးသလိုပါပဲ။

သုံးသပ်ချက်

Selfie သမားများ စိတ်ကြိုက်ဖြစ်စေမယ့် ဒီဇိုင်းဖြစ်ပြီး အလှပုံရိုက်ကူးရေးအတွက် အထောက်အပံ့ကောင်းများစွာနဲ့ Art Filter များစွာထည့်သွင်းပေးထားပါတယ်။ အပျော်တမ်းသုံးကင်မရာ ဆိုပေမယ့် professional တစ်ယောက်လို ခံစားအသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 4000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/16000 အထိရပါတယ်။ Bult-in Flash အနေနဲ့ ပါ၀င်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်းပါ၀င်ပါတယ်။ Flash mode အနေနဲ့ Auto, Fill Flash, First-Curtain Sync, Manual, Off, Red-Eye Reduction, Second-Curtain Sync နဲ့ Slow Sync/Red-Eye Reduction စတာတွေပါ၀င်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Custom စတာတွေ ပါ၀င်ပါတယ်။ Display အနေနဲ့ ၃ လက်မအရွယ်ရှိပြီး 1.04m-dot အရည်အသွေးရှိ 180 degree tilting Touchscreen LCD ကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ အရွယ်အစားက 117.1 x 68 x 39 mm ဖြစ်ပြီး အလေးချိန် 380g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H