Olympus OM-D E-M5 Mark III Mirrorless Digital Camera

တန်ဖိုး-USD 1199$

အားသာချက်

17.4 x 13 mm အရွယ်ရှိ Live MOS Micro Four Thirds Sensor ပါ၀င်ပြီး TruePic VIII Image Processor ထောက်ပံ့ပေးထားပါတယ်။ 20.4 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို DCI 4k ဆိုရင် 24fps အထိ ရိုက်ကူးနိုင်မှာပါ။ JPEG File အတွက် Frame per second 10fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ရာသီဥတု အကြမ်းခံနိုင်ဖို့အတွက် splashproof, dustproof, and freezeproof ဖြစ်ဖို့ တည်ဆောက်ထားပါတယ်။

၃ လက်မအရွယ်ရှိ Artic-ulating Touchscreen LCD ပါ၀င်ပြီး 27mm အရွယ်အစား OLEDElectronic Viewfinder ထောက်ပံ့ထားပါတယ်။ Micro-B (USB 2.0), HDMI D (Micro), 2.5mm Sub-Mini, 3.5mm Microphone တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက် Bluetooth နဲ့ Wi-Fi စနစ်ကို ထည့်သွင်းထောက်ပံ ပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Manual Focus (M), Single-servo AF (S), Single-servo AF (S) တို့ရရှိနိုင်ပြီး Point အနေနဲ့ Phase Detection: 121 (121 Cross-Type), Contrast Detection:121 ရရှိမှာဖြစ်ပါတယ်။ ကိုယ်ထည်အရောင်က ငွေရောင်နဲ့ အနက်ဆိုပြီး ရှိတဲ့အတွက် နှစ်သက်ရာ အရောင်ရွေးချယ်နိုင်ပါတယ်။ ဒီစျေးကတော့ ကိုယ်ထည်သီးသန့်စျေးသာ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီပိုင်းမှာ mirrorless Camera တွေ သဘောတရားအတိုင်း အားနည်းပါတယ်။ ဗီဒီယိုပိုင်းမှာ DCI 4k အထိရရှိပေမယ့် fps အနေနဲ့ 24fps အထိပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ Built-in Flash ထည့်သွင်းပေးထားခြင်းမရှိပါဘူး။ White balance အနေနဲ့လည်း Auto, Color Temperature နှစ်မျိုးတည်း ထောက်ပံ့ပေးထားပါတယ်။

သုံးသပ်ချက်

အားကစားဓာတ်ပုံဆရာများ၊ တောရိုင်းဓလေ့ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာများ သာမက Street Photographer တွေပါ သဘောကျနိုင်ပြီး စျေးနှုန်းကလည်း ကင်မရာသမားတိုင်း လက်လှမ်းမှီနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ ပုံကောင်းရရှိစေမယ့် အထောက် ပံ့ကောင်းတွေဖြစ်တဲ့ High Res Shot mode, Live Composite, Live Bulb, Live Time settings, Pro Capture Mode, Anti-flicker shooting စတဲ့ Shooting Modes တွေလည်း ပါ၀င်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG အပြင် RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @24fps, အထိ အသုံးပြု နိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 8000 အထိရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/32000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့ မပါဝင်ဘဲ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe သာပါဝင်မှာပါ။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Color Temperature ဆိုပြီး ပါဝင်မှာပါ။

2,360,000 Dot အရည်အသွေးရှိ OLED Electronic Viewfinder ပါဝင်ပြီး ၃ လက်မအရွယ်ရှိ 1.04m-dot အရည်အသွေးနဲ့ Articulating Touchscreen LCD ထောက်ပံ့ထားပါတယ်။ အရွယ်အစားက 125.3 x 85.2 x 49.7 mm ဖြစ်ပြီး အလေးချိန် 414g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H